လူအများဟာကိုယ်အလေးချိန်လျှော့ချပြီး ကျန်းမာတဲ့လူနေမှုဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ လေ့လာမှုအသစ်တစ်ခုမှာ အိပ်စက်ချိန်ထက် အိပ်ယာထဲပိုနေရုံဖြင့် အစာချေဖျက်မှုစနစ်ကို ပြင်ဆင်နိုင်တယ်လို့သိရပါတယ်။ လန်ဒန်မြို့၊ King’College မှသုတေသနမှူးများရဲ့ တွေ့ရှိချက်မှာတော့ တစ်ညတာလုံးနှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အစားအသောက်တွင်ပါဝင်သော သကြားဓာတ်ကိုလျှော့ချပေးနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာချေဖျက်နည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာတွေ့ရှိချက်များအရ အချိန်ပိုအိပ်စက်ခြင်းဖြင့် အင်အားပိုမိုဖြစ်စေနိုင်ပြီး ခန္ဒာကိုယ်ထဲရှိသကြားဓာတ်နှင့် ကာဗွန်ဟိုက်ဒရိုက်ဓာတ်များကိုလဲ လျှော့ချပေးနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ပါမောက္ခ Dr.Wendy Hall ၏အဆိုအရ ပိုမိုအိပ်စက်ခြင်းဖြင့် သကြားဓာတ်များလျှော့ချပေးနိုင်သည်ဆိုရာတွင် သကြားဓာတ်ဆိုသည်မှာ အသင့်စားအစားအစာများတွင်သာမက အိမ်တွင်ချက်ပြုတ်ရာ၌သုံးသော ဟင်းခတ်မှုန့်များ၊ အချိုရည်များ၊ သစ်သီးဖျော်ရည်များတွင်လည်း ပါဝင်ပါတယ်။ လူနေထိုင်မှုဘဝကို ရိုးရှင်းစွာပြောင်းလဲပေးနိုင်ပြီး ပိုမိုကောင်းမွန်သောအစာချေဖျက်မှုစနစ်ကို ရရှိအောင် အမှန်တကယ်အထောက်အကူဖြစ်စေသော နည်းလမ်းဖြစ်ပါတယ်။

ယခုနည်းလမ်းကို လူ-၂၁ဦးပါဝင်သောအုပ်စု-၂စုခွဲပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။ ပထမ-၂၁ဦးကို တစ်ဦးချင်းစီရဲ့အမူအကျင့်တွေဖြစ်တဲ့ အိပ်ယာမဝင်ခင် ကဖင်းဓတ်ပါသောအစားအစာစားခြင်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများကို ရှောင်ကျဉ်စေခဲ့ပြီး အအိပ်အစားလျှော့ချကာကိုယ်အလေးချိန်ချစေခဲ့ပါတယ်။

ဒုတိယ-၂၁ဦးကိုတော့ မည်သည့်လမ်းညွှန်ချက်မျှမပေးပဲ အိပ်စက်ချိန်ထက်ပို၍ အိပ်ယာထဲတွင်နေစေခဲ့ပါတယ်။ ပါမောက္ခ`Dr Haya Al Khatibiက ‘ကျွန်တော်တို့ဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အိပ်စက်ချိန်ထက်ပိုပြီး အိပ်ယာထဲမှာတစ်နာရီပိုနေစေတဲ့ နည်းလမ်းနဲ့ အစားအသောက်လျှော့ကာ အိပ်ချိန်အနည်းငယ်သာပေးတဲ့နည်းလမ်းတို့ကို အကြံပြုစမ်းသပ်ခဲ့ပါတယ်… တွေ့ရှိချက်ကတော့ အိပ်စက်ချိန်ထက်ပိုပြီး အိပ်ယာထဲတစ်နာရီပိုနေတဲ့နည်းလမ်းဟာ ကျန်းမာစွာနဲ့ကိုယ်အလေးချိန်လျှော့ချပေးနိုင်ဖို့အတွက် ပိုသေချာပါတယ်… အထူးသဖြင့် အဝလွန်ရောဂါတွေ..နှလုံးသွေးကြောကျဉ်းရောဂါတွေပေါ့…’

Resource: www.irishmirror.com