စတွဲခါစ စုံတွဲတွေဟာ အမြဲတမ်းလိုလို စိတ်ကောက်စကားများ ရန်ဖြစ်ကြတာကပုံမှန်ပါပဲ။ မနက်နိုးလို့ မက်ဆေ့ မပို့ထားရင်စိတ်ကောက်ပြီ။ ကောင်မလေးတယောက်ယောက်ရဲ့ ပုံအောက်မှာ comment ဝင်ပေးရင်လည်း စိတ်ကောက်ပြန်ပြီ။ ဒါတွေက စတွဲခါစုံတွဲတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒါဆိုရင် တွဲတာအချိန်ကြာလာပြီဖြစ်တဲ့ စုံတွဲတွေမှာကော။ သူတို့ကော စကားများရန်ဖြစ်ကြသေးလား။ ဟုတ်ကဲ့ဖြစ်ပါတယ်။ ဒါကဘယ်တော့မှ ရိုးမသွားတဲ့ စုံတွဲတွေရဲ့ သင်္ကေတ တခုလို့ ပြောရမှာပဲ။ တကယ်လို့ စုံတွဲတတွဲက ဘယ်သောအခါမှ ရန်မဖြစ်ဘူးဆိုရင်တော့ သေချာပါတယ်။ တခုခုမှားနေပါပြီ။

အခု ပြောပြမှာကတော့ အချိန်အကြာကြီး တွဲလာတဲ့ စုံတွဲတွေမှာရှိတဲ့ အလေ့အထတွေအကြောင်းပါ။

ရင့်ကျက်မှုပိုရှိလာမယ်

Relationship တစ်ခုမှာ အမြဲတမ်း သူ့အလိုလိုက်နေတာက အဆင်မပြေနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က မတူညီတဲ့ လူတွေပါ။ ကိုယ်ပိုင်သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ အချိန်အကြာကြီး တွဲလာတဲ့စုံတွဲတွေကတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာတွေ၊ ပြဿနာတွေကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းတတ်ကြတယ်။ ပြီးတော့ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က လေးစားတယ်။ အမြင်ကွဲလွဲတာတွေကိုလည်း လက်ခံနိုင်တယ်။ ပြောရမယ်ဆိုရင် အရင်ကထက် ပိုပြီး ရင့်ကျက်လာတာပါ။

ရုပ်ဆိုးနေမှာ ပေါကြောင်ကြောင်ဖြစ်နေမှာ မကြောက်တော့ဘူး

စတွဲခါစ စုံတွဲတွေမှာ ကိုယ့်ရဲ့ရုပ်ဆိုးပန်းဆိုးပုံတွေကို တခြားသူမြင်သွားမှာ မလိုလားကြဘူး။ ပြီးတော့ ကိုယ့်ကောင်းမရှေ့မှာလည်း တည်ငြိမ်နေတဲ့ လူကြီးတယောက်လိုနေတတ်ကြတယ်။ လူလိမ္မာ လုပ်တတ်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့ သံယောဇဉ်တွေက ဒီအရာတွေကို အရေးမပါတော့ဘူးဆိုတာ သိလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့ စုံတွဲတွေက သူတို့ရဲ့အကျင့်ဆိုးတွေ ရုပ်ဆိုးမှုတွေကို မဖုံးကွယ်တတ်ကြပါဘူး။

အရှက်ရမှာမကြောက်တော့ဘူး

စတွဲခါစမှာတော့ သူ့ကြောင့် လူလယ်ခေါင်မှာ အရှက်ရမှာကြောက်တတ်ကြပါတယ်။ ကိုယ့်ချစ်သူက လူလယ်ခေါင်မှာ စိတ်ကောက်သွားမလား၊ အော်ကြီးဟစ်ကျယ် ရန်ဖြစ်မလားဆိုတာကို စိတ်ပူတတ်ကြတယ်။ ဒါပေမယ့် တွဲတာကြာလာတော့ ဒီအရာကိုသိပ်ပြီး ဂရုမစိုက်တတ်ကြတော့ဘူး။ ကိုယ့်ချစ်သူဘယ်လိုပဲ ပြုမှုနေပါစေ ဘေးကနေ အထောက်အပံပေးဖို့ အမြဲရှိနေတတ်ကြပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြောင်လဲသွားတာကြောင့် Relationship ကို ထိခိုက်သွားမှာ မကြောက်တော့ဘူး

စတွဲခါစတွေမှာ ရုပ်ရည်ကို အရမ်းဂရုစိုက်ကြပါတယ်။ လှနေမှ ချောနေမှ ကြိုက်ချင်ကြပါတယ်။ တွဲတာအချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာပြောင်လဲမှုတွေ ဥပမာ ဝလာတာ၊ ထိပ်ပြောင်သွားတာ ရုပ်ရင့်သွားတာတွေက အရေးမပါတော့ပါဘူး။ ရုပ်ရည်ထက်အရေးကြီးတာတွေ အများကြီးရှိပါလာဆိုတာ နားလည်လာကြတယ်။ ကိုယ့်အပေါ်နားလည်ပေးတာ၊ ကိုယ့်ရဲ့ခံစားချက်တွေကို နားလည်ပေးတာတွေက တကယ့်အရေးပါတဲ့ အရာတွေပါလားဆိုတာ နားလည်လာကြပါတယ်။