အားလုံးပဲ မင်္ဂလာပါ။ ငယ်စဉ်အရွယ် ကျောင်းသားဘဝတုန်းက ချစ်သူရည်းစားထားတာ၊ အချစ်ရေး အချစ်ရာတွေဟာ ပျော်စရာကိစ္စတစ်ခုအနေနဲ့ မြင်တွေ့နိုင်ကြပါတယ်။

ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဘဝပေးအကြောင်းအရင်းအမျိုးမျိုးကြောင့် အချစ်ရေးကိစ္စတွေကျဲသွားပြီး ကိုယ့်အတွက်သင့်တော်မယ့် ဖူးစာဖက်ကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလာပါတယ်။

ဘားတွေကိုသွားမှ ကိုယ့်အတွက်အဆင်ပြေမယ့် ဖူးစာဖက်ကို ရှာတွေ့နိုင်တာမဟုတ်ပါဘူး။ အခုဖော်ပြပေးသွားမယ့် နေရာလေးတွေမှာလည်း အချစ်စစ်ကို ရှာတွေ့နိုင်ပါသေးတယ်။

သူငယ်ချင်းတွေကနေတဆင့်


Source: HowTo.org
ရည်းစားရဖို့အတွက် အားမထုတ်နိုင်သူတစ်ဦးဆိုရင်တော့ သူငယ်ချင်းတွေကိုပြောပြပြီး သင့်တော်မယ့်လူရှိရင် မိတ်ဆက်ခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းက ကိုယ့်အတွက် သင့်တော်မယ့် ချစ်သူတစ်ဦးကို ရရှိနိုင်သလို ထိုချစ်သူဟာလည်း သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်သူငယ်ချင်းဖြစ်တဲ့အတွက်ကြောင့် မတော်တရော်တွေနဲ့ ပေးတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

ကော်ဖီဆိုင်

Source: Coffee Romance

ပိတ်ရက်တွေမှာ စာအုပ်လေးတစ်အုပ်၊ လပ်ပ်တော့၊ တစ်မျိုးမျိုးကိုသယ်ပြီး ကော်ဖီဆိုင်လေးမှာသွားထိုင်းရင်း အတွေးလေးတွေကို ဖြန့်ကျက်ရတာ တကယ်ကို အရသာရှိလှပါတယ်။ ပိတ်ရက်ဆိုရင် လူအများစုက ကော်ဖီဆိုင်တွေမှာ သွားထိုင်လေ့ရှိကြတာကြောင့် ကိုယ့်ရဲ့ဖူးစာဖက်လေးနဲ့ ဆုံတွေ့ရင်တွေ့နိုင်ပါသေးတယ်။

လူမှုကွန်ရက်

Source: Dating fears

Social Media ကိုအချိန်တိုင်းသုံးပြီးတော့ အမြဲတမ်း ထိုင် Chat နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် Social Media ကို အသုံးပြုရင်းနဲ့ ကိုယ်နဲ့အဆက်အသွယ်ပြတ်နေသူတွေ၊ ဒါမှမဟုတ် သေချာမရင်းနှီးတဲ့ သူတွေနဲ့ ပြန်လည်ဆုံတွေ့စကားပြောဆိုင်လာနိုင်ပါတယ်။ လူတစ်ယောက်ကို သွားနှုတ်ဆက်ပြီး အဆင်ပြေရဲ့လားလို့ မေးဖို့ဆိုတာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့အရာမဟုတ်ပါဘူး။

စေတနာ့ဝန်ထမ်း

Source: smallbiztrends.com

အကယ်လို့ သင်ဟာ တခြားလိုအပ်တဲ့လူတွေအတွက် ကူညီဖေးမပေးရတာ လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာကို ဝါသနာပါသူတစ်ဦးဆိုရင်တော့ တကယ်အဆင်ပြေပါတယ်။ ကိုယ်နဲ့စိတ်တူကိုယ်တူ အားတက်သရော စေတနာ့ဝန်ထမ်းလုပ်ရတာ ဝါသနာပါတဲ့ ဖူးစာဖက်ကို ထိုနေရာမှာပဲ ဆုံတွေ့ရမယ်ဆိုရင်တော့ ဘာလိုအုံးမှာပါလဲ။

ပန်းခြံ

Source;Freepik

သင်ဟာ ပြေးတာ၊ စက်ဘီးစီးတာ ဒါမှမဟုတ် လမ်းလျှောက်ထွက်ရတာကို ကြိုက်ပါသလား။ အမျိုးသားများလည်း ထိုအတိုင်းပါပဲ။ အမျိုးသားတွေရဲ့ စိတ်ကူးအိပ်မက်ထဲမှာ အမျိုးသမီးတစ်ယောက်နဲ့အတူတူ လေ့ကျင့်ခန်းလုပ်ရတာက တစ်ခုအပါအဝင်ပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာဟာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးရှိသလို ကိုယ့်ရဲ့ဖူးစာရှင်နဲ့ဆုံတွေ့ရမယ်ဆိုရင် ပိုပြီးတော့တောင် မကောင်းပါဘူးလား။

လုပ်ငန်းခွင်

Source: The Balance Careers

လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်ကို ရည်းစားအဖြစ်လက်ခံတော့မယ်ဆိုရင် တစ်ခုသတိပေးချင်တာကတော့ သတိထား၊ ဂရုစိုက်ဖို့ပါပဲ။ ပျော်ဖို့လည်းကောင်းသလို လမ်းခွဲပြီးတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်ဆိုးသွားနိုင်ပါတယ်။