ကြောင်ချစ်သူတို့အတွက် ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်လွယ်လွယ်ကူကူပုံဖော်လို့ရမယ့် ကြောင်ပုံစံ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း မခက်တဲ့အတွက် ကိုယ်တိုင်တောင် ပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးတွေပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် စုတ်တံနဲ့ လွယ်လွယ်ကူကူဆွဲလို့ရတဲ့ ကြောင်ပုံစံလေးပါ။ ကြောင်ချစ်စရာလေးဆိုလည်း ဆွဲရတာလွယ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကတော့ အပေါ်ကနဲ့တူပေမယ့် ပုံစံလေးနည်းနည်းကွဲပါတယ်။ သူကတော့ ဆွဲရတာ ၊ ပုံဖော်ရတာ ပိုလွယ်တာပေါ့။

ဒီလက်သည်းဒီဇိုင်းလေးကတော့ ကြောင်ခေါင်းပုံစံ ၊ခွာလေးနဲ့ အမြီးလေးပဲမို့ ဆြွရတာလည်း လွယ်ပြီး ချစ်စရာလည်းကောင်းတဲ့ ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးမှာကတော့ခွာရာကို ကြီးကြီးလေးဆွဲပြီး အလယ်မှာ လက်သည်းနီအလက်လက်လေးတွေကို ထည့်ပေးထားတာမို့ ပိုချစ်စရာကောင်းပါတယ်။

ပုံဆွဲတတ်တဲ့သူတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖေါ်လို့ရပါတယ်။ ကြောင်တစ်ကောင်လုံးပုံစံလေးပါနေတောါ ပုံမဆွဲတတ်ရင်တော့ နည်းနည်းခက်ပါလိမ့်မယ်။

ကြောင်မဲလေးပုံစံပံဖော်ထားတာမို့ ချစ်စရာကောင်းပါတယ်။ ပုံဖော်ရတာလည်း တော်တော်လွယ်တဲ့ ဒီဇိုင်းလေးပါ။

Photo Source: www.pinterest.com