ကျန်းမာရွှင်လန်းချင်ရင် စောစောအိပ် ၊ စောစောထ ဆိုပြီး ပြောကြပါတယ်။ အခုခေတ်မှာ လူမှုကွန်ရက်တွေ နဲ့ ဖျော်ဖြေရေးတွေ သုံးတာများတာကြောင့် သန်းခေါင်းသန်းလွဲမှ အိပ်ရာကနေ မနက်စောစော အိပ်ရာက ထဖို့ ခက်လာကြပါတယ်။

ဒီလို နေထိုင်မှုပုံစံတွေဟာ စောစောစီးစီး ရောဂါဝင်ပြီး အသက်တိုနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထဖြစ်အောင် အလွယ်ကူအရိုးရှင်းဆုံး နည်းလမ်းလေးတွေ အကြံပေးလိုက်ပါတယ်။

(၁) ညအိပ်ရာဝင်ချိန် ပြောင်းပါ

မနက် ၅ နာရီ အိပ်ရာက ထဖြစ်ချင်ရင် ညကို ၉ နာရီလောက် အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာစောစောဝင်ဖြစ်တာကြောင့် မနက်စောစော အိပ်ရာက ထဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ တစ်ရက် အနည်းဆုံး ၈ နာရီအိပ်ချိန်ရပြီး မနက် ၅ နာရီ ထနိုင်ဖို့အတွက် အိပ်ချိန်ပြောင်းတာကလည်း အလုပ်ဖြစ်ပါတယ်။

(၂) ညဘက်အိပ်ပျော်ဖို့ ဂရုစိုက်ပါ

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ညမအိပ်ခင် တစ်နာရီလောက်ကစပြီး ဖုန်းသုံးတာ ၊ TV ကြည့်တာတွေ ရှောင်ပါ။ နေ့လည်ဘက်လောက်ကစပြီး ကော်ဖီလိုမျိုး မျက်စိကျယ်စေမယ့် ကဖိန်းဓါတ်ပါ အစားအသောက်တွေ မစားပါနဲ့။ အိပ်ရာမဝင်ခင် အရက်မသောက်ပါနဲ့။ အိပ်တော့မယ့်ဆိုရင် အခန်းမီးတွေကို မှိန်မှိန်လေးထားတာ/အမှောင်ချတာမျိုး လုပ်ပါ။

(၃) အကျင့်ဖြစ်အောင် ဂရုစိုက်ပါ

မနက် ၅ နာရီ အိပ်ရာက ထဖို့ ဇွတ်အတင်း Alarm အားကိုးနဲ့ နိုးထရတာမျိုး မဖြစ်အောင် အခုပြောခဲ့တဲ့ အချက်တွေကို အနည်းဆုံး ၃-၄ ပတ်လောက် ပုံမှန်လုပ်သွားပါ။ ကျင့်သားရသွားရင် မနက်ဘက် စောစော အိပ်ရာထဖို့ဆိုတာ ဘာမှ ခက်ခဲတော့မှာ မဟုတ်ပါဘူး။