မိန်းကလေးတော်တော်များများက စိတ်တွေအရမ်းရှုပ်ထွေးနေချိန်မှာ ဆံပင်ပုံစံလေးပြောင်းလိုက်တာမျိုး၊ ဆံပင်တွေညှပ်ချလိုက်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ညှပ်မယ်၊ ပုံစံပြောင်းမယ်ဆိုရင် အရင်နဲ့မတူပဲကွဲထွက်ပြီး လုံးဝကိုမိုက်နေမယ့်ပုံစံမျိုး ပြောင်းသင့်ပါတယ်။ ဒါမှ စိတ်သစ်လူသစ်နဲ့ ဖြစ်သွားမှာပါ။ ဒါကြောင့် စိတ်တွေအရမ်းရှုပ်ထွေးနေလို့ ဆံပင်ပုံစံပြောင်းချင်သူများအတွက် အထာကျတဲ့ဆံပင်အတိုပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

လူငယ်ဆန်ပြီး ခပ်မိုက်မိုက်ပုံစံလေး၊ အထာကျကျလေးညှပ်ချင်ရင်တော့ ဒီဆံပင်ပုံစံလေးကို ပြောင်းညှပ်ကြည့်ပါ။

ဆံပင်ပုံစံကို ခပ်မိုက်မိုက်လေးပြောင်းချင်ပေမယ့် အရမ်းလည်းမတိုချင်ဘူးဆိုရင်တော့ ဒီဆံပင်ပုံလေးညှပ်ပြီး highlight ဖောက်ကြည့်ပါ။ လူငယ်ဆန်ပြီး အထာကျပါတယ်။

ဆံပင်ပုံစံကိုပြောင်းလိုက်ချင်တယ်၊ အတိုညှပ်ချင်တယ်၊ ဒါပေမယ့် ချစ်ဖို့ကောင်းတဲ့ပုံစံလေးပဲ ညှပ်ချင်တယ်ဆိုရင် ဒီဆံပင်ပုံစံလေးကိုသာ ရွေးချယ်ပါ။

ကလေးဆန်တာ၊ လူငယ်ဆန်တာမျိုး မကြိုက်ဘူး အထာကျပြီးမိုက်တဲ့ပုံစံမျိုးပဲ ညှပ်ချင်တာဆိုရင်တော့ ဒီဆံပင်ပုံစံလေးကို ညှပ်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

အထာကျပြီးမိုက်တဲ့ပုံစံမျိုးဆိုရင် ဒီဆံပင်ပုံစံလေးလည်း ညှပ်လို့ရပါသေးတယ်။ အရမ်းလူဆန်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။

ဆံပင်အတိုညှပ်ချလိုက်ချင်ပေမယ့် မိန်းကလေးဆန်ဆန်နဲ့ အထာကျတဲ့ပုံစံလေးဆိုရင်တော့ ဒီဆံပင်ပုံစံလေးသာ ညှပ်ကြည့်ပါ။ ဆံပင်အုံထူတဲ့သူတွေနဲ့ဆို ပိုပြီးလိုက်ပါတယ်။

ခပ်မိုက်မိုက်ပုံစံလေးဆိုရင်တော့ ဒီဆံပင်ပုံစံလေးသာညှပ်ပါ။ ဆံပင်ကောက်တဲ့ကောင်မလေးတွေနဲ့ဆို ကွက်တိပါပဲ။

လုံးဝပုံစံပြောင်းလဲလိုက်ပြီး ယောင်္ကျားလေးပုံစံမျိုး ညှပ်ချချင်ရင်တော့ ဒီဆံပင်ပုံစံက အရမ်းမိုက်ပါတယ်။

ယောင်္ကျားလေးပုံစံမျိုးညှပ်ချင်ရင် ဆံပင်နဂိုဖြောင့်ဆင်းတဲ့သူတွေ၊ ဆံပင်ပါးတဲ့သူတွေက ဒီပုံစံလေး try ကြည့်ပါ။ အထာကျပြီး လုံးဝကိုမိုက်နေတဲ့ ပုံစံလေးပါ။

photo source:www.pinterest.com