ကိုယ့်ကိုယ်ကိုဝိတ်တက်လာတယ်လို့ ခံစားနေရတဲ့သူတွေအတွက် ပြောင်းလဲသင့်တဲ့ lifestyle ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဝိတ်တက်လာပြီဆိုရင် အဆီကျဆေးတွေ၊ ပိန်ဆေးတွေသောက်မယ့်အစား ကိုယ့်ရဲ့ lifestyle ကိုသာ အဓိကထားပြီး ပြောင်းလဲလိုက်တာက ပိုကောင်းပါတယ်။

အထိုင်မများအောင်နေပါ

အထိုင်များနေတဲ့သူကတော့ ဝိတ်မတက်ရင်တောင်မှ ဗိုက်နဲ့ခါးမှာ အဆီတွေပိုများလာပါလိမ့်မယ်။ ဒါက လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါပဲ။ ဒါကြောင့် အထိုင်မများအောင်နေပါ။ အထိုင်များတဲ့အလုပ်လုပ်ရတယ်ဆိုလည်း ခဏလောက်နားပြီး လမ်းထလျှောက်တာမျိုး လုပ်ပေးပါ။ စားပြီးရင် တန်းထိုင်တာမျိုးမလုပ်ပါနဲ့။ ၁၀ မိနစ်လောက်တော့ လမ်းလျှောက်တာ၊ လှုပ်ရှားတာမျိုး လုပ်ပေးပါ။

အဆီအစိမ့်တွေလျှော့စားပါ

ကိုယ့်ကိုယ်ကို ဝိတ်တက်လာတယ်လို့ ခံစားရရင် အဆီအစိမ့်တွေစားတာ၊ ဆီကြော်မုန့်တွေစားတာကို လျှော့လိုက်ပါ။ အဲ့ဒီအစား အသီးအရွက်ကြော်တွေ၊ အသီးအနှံတွေကိုသာ များများစားပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

ကိုယ့်ကိုယ်ကိုဝိတ်တက်လာတယ်၊ အဆီတွေများလာတယ်၊ ဝလာတယ်လို့ ခံစားနေရပြီဆိုရင် ကိုယ့်ရဲ့တစ်နေ့တာ lifestyle ထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကို ထည့်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ပေးရင် ကိုယ်ရည်စစ်သွားပြီး body တောင် ပိုလှလာပါလိမ့်မယ်။

အိပ်ချိန်ပုံမှန်ထားပါ

အိပ်ချိန်တွေမမှန်ရင်လည်း ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် ဝိတ်တက်လာတယ်လို့ ခံစားရရင် အိပ်ချိန်တွေမှန်ရဲ့လား၊ အိပ်ချိန်အရမ်းနည်းနေလား၊ ညဘက်တွေဆို မအိပ်ဖြစ်ဖူးလားဆိုတာကို ပြန်စစ်ပါ။ ပြီးရင်တော့ lifestyle ကိုပြောင်းလဲပြီး အိပ်ချိန်သတ်မှတ်ရပါမယ်။ အိပ်ချိန်ကို ည ၁၁ နာရီထက် ပိုနောက်မကျပါနဲ့။ ၁၀ ခွဲမှာအိပ်မယ်ဆိုရင် မနက်ကျ ၆ ခွဲထပါ။ ၈ နာရီပြည့်အောင်အိပ်ရင် လုံလောက်ပါတယ်။

အစာကိုပုံမှန်စားပါ

အစားအသောက်မမှန်တာတွေကြောင့် ပိန်သလိုပဲ၊ တချို့ကျတော့ အစားအသောက်မမှန်ရင် ဝိတ်တက်လာတာမျိုး ဖြစ်တတ်ပါတယ်။ မနက်စာ breakfast ကို အာဟာရပြည့်ဝအောင်စားပါ၊ နေ့လည်စာကို ပုံမှန်စားပါ။ အရမ်းနောက်မကျပါနဲ့။ ညစာကိုတော့ လျှော့စားပါ။ ဗိုက်ဆာရင် အသီးအနှံတွေ ထပ်စားပါ။
ဒီ lifestyle ၅ ခုကိုသာ ပြောင်းလဲလိုက်ရင် ဝိတ်လည်းကျပြီး အဆီတွေလည်းလျော့လာမယ်။ အဆီတွေပိုများမလာတော့ပဲ ကိုယ်ရည်စစ်ပြီး ပိုလှလာမှာပါ။