အားလုံးပဲမင်္ဂလာပါနော်။ ပိန်ပိန်ပါးပါးမိန်းကလေးတွေဆိုရင် ဘောင်းဘီဝတ်ရင် သိပ်မလိုက်ဘူး သိပ်မလှဘူးလို့ဆိုကြလေ့ရှိပါတယ်။ ဒါပေမယ့် ပိန်ပါးသွယ်လျတဲ့ တောင်ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင် Yoona ကတော့ ဂျင်းဘောင်းဘီနဲ့ရော တခြားဘောင်းဘီတွေနဲ့ပါ ဖက်ရှင်ကျလှပနေတယ်ဆိုတာကို သက်သေပြထားပါတယ်နော်။

Yoona ရဲ့ နာမည်အရင်းကတော့ Im Yoon-Ah ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က Girl Generation အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း အများကြီးရိုက်ကူးထားသူဖြစ်ပါတယ်။

Yoona ကို ၁၉၉၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

အရပ်အမြင့်ကတော့ ၅ပေ ၆ လက်မကျော်( ၁.၆၈မီတာ) ရှိပြီး ပိန်ပိန်ပါးပါးလေးနဲ့ချစ်စရာကောင်းတဲ့ အဆိုတော် မင်းသမီးချောလေးတစ်ဦးပဲ့ဖြစ်ပါတယ်။

ကဲ…ပိန်ပိန်သွယ်သွယ်ပျိုမေလေးတွေအတွက်ရော Yoona ကိုချစ်ကြတဲ့သူတွေအတွက်ပါ သူမရဲ့ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျနေတဲ့ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။







Photo Source: Pinterest