တောင်ကိုရီးယားက နာမည်ကျော်မင်းသားချောတွေကို စာရင်းလုပ်ပြီးပြောမယ်ဆိုရင် Yoo Ah-In ကိုလည်း ချန်ထားခဲ့လို့မရပါဘူးနော်။ သရုပ်ဆောင်နယ်ပယ်မှာ ကျော်ကြားတဲ့မင်းသားတစ်ယောက်လည်းဖြစ်သလို Creative Director အဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။ ရုပ်ရှင်ကားနယ်ပယ်အတွင်းမှာ သာမန်ပုံစံတွေနဲ့ မတူညီတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ဇာတ်လမ်းတွဲတွေ၊ တီဗီစီးရီးတွေမှာ သရုပ်ဆောင်နေတဲ့ သူနဲ့ရွယ်တူ အခြားမင်းသားတွေနဲ့ယှဥ်ရင် ပိုပြီးကွဲပြားပေါ်လွင်နေစေတာဖြစ်ပါတယ်။ ထွက်ရှိထားခဲ့တဲ့ သူရဲ့ ဇာတ်ကားဖြစ်တဲ့ Alive 2020 ကလည်း တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။

Yoo Ah-In ကိုတော့ ၁၉၈၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မောင်နှမသုံးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ အနုပညာမေဂျာနဲ့ အထက်တန်းကျောင်း ပထမနှစ်ကို တက်ရောက်နေချိန်မှာ ကျောင်းရှေ့မှနေပြီး Agent တွေရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရကာ ထိုမှတဆင့် လူရွေးပွဲဝင်ဖြေဖို့အတွက် ဆိုးလ်မြို့ကို တစ်ယောက်တည်းတက်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ခေါက်ဆွဲခြောက်တီဗီကြောငြာကို စတင်ရိုက်ကူးခြင်းဖြင့် အနုပညာနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Sharp အမည်ရ လူကြိုက်များ လူငယ်ရုပ်သံစီးရီးထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။

ဇာတ်ကားပေါင်းများစွာ၊ ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးခဲ့ပေမယ့်လည်း သူ့ကိုပိုပြီးလူသိများသွားစေခဲ့တာကတော့ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ ဆောင်ကျန်ကွမ်အရှုပ်တော်ပုံ ကိုရီးယားဇာတ်လမ်းတွဲပါပဲ။ ထိုမှတဆင့် ဇာတ်ကားပေါင်းမြောက်မြားစွာကို လက်ခံရိုက်ကူးခဲ့ရပြီး တောင်ကိုရီးယား နိုင်ငံက ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာခဲ့ပါတယ်။

Yoo Ah In ဟာ တောင်ကိုရီးယားနိုင်ငံက နိုင်ငံရေးပြဿနာများ၊ လူမူရေးပြဿနာများနဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ထင်မြင်ချက်တွေကို သတ္တိရှိရှိ ထုတ်ဖော်ပြောရဲတဲ့ မင်းသားအနည်းငယ်ထဲက တစ်ယောက်ပါ။ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း လူငယ်တွေအားကျရတဲ့ Fashionista တစ်ယောက်လို့လည်း ပြောလို့ရပါတယ်။

Source: Pinterest