၀မ်းဗိုက်မှ အဆီတွေ ပိုနေလို့ စိတ်ညစ်နေလား ဒါဆိုရင်တော့ ဝမ်းဗိုက်ကအဆီတွေကို လျှော့ချပေးပြီး ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့ ယောဂလေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံး လေ့ကျင့်ခန်းမလုပ်ခင်မှာ အစားအစာတွေကို ဂရုစိုက်စားပေးသင့်ပါတယ်နော်။ ကိုယ်ပုံမှန်စားနေကျအစားအစာတွေကို ပြောင်းလဲပြီး အသီးအနှံများများစားပြီး ရေများများသောက်ပါ။ ပြီးရင် လမ်းလျှောက်ပေးပါ။

ဒါ့အပြင် ဒီလေ့ကျင့်ခန်းလေးကိုလည်း ပြုလုပ်ပေးပါနော်။ ရောဂလေ့ကျင့်ခန်းဟာ သင့်ကို ကောင်းမွန်စွာအိပ်စက်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အိပ်စက်တာနဲ့ စိတ်ခံစားမှုတွေဟာ ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပါ ထိထိရောက်ရောက် အကျိုးသက်ရောက်မှုရှိပါတယ်။

၁။ ခန္ဓာကိုယ်ကို မှောက်လျက်နေပြီး လက်နှစ်ဖက်ကိုထောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ပေးပါ။ ခြေချောင်းကို ကြမ်းပြင်နဲပထိနေပါစေနော်။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းပြင်းလေး ရှုသွင်းပြီး ရင်ဘတ်ကို ဆန့်ပေးပါ။

အဲဒီအတိုင်း အသက်အောင့်ပြီး ၁၅စက္ကန့် စက္ကန့် ၃၉ လောက်နေပါ။

ပြီးရင် အသက်ခပ်ဖြည်းဖြည်းပြန်ရှုထုတ်ပြီး နဂိုအတိုင်းပြန်နေပါ။

၁ ခါလုပ်ပြီးရင် ၁၅ စက္ကန့်လောက်နားပြီး နောက်တစ်ခါလုပ်ပါ။ ၅ ကြိမ်ခန့်လုပ်ပေးရမှာဖြစ်ပါတယ်။

၂။ ခြေထောက်နှစ်ဖက်ကို စုထားပါ။ ခြေဖနောင့်ချင်းထိထားပြီး ခြေမနှစ်ချောင်းကိုလည်း ထိထားပါ။ ကျောရိုးကို ဆန့်ထားပါ။ လက်နှစ်ဖက်နဲ့ လက်အုပ်ချီပြီး ရင်ဘတ်နားတည့်တည်းထားပါ။ ပြီးရင် အသက်ပြင်းပြင်းရှုလိုက်ပြီး ခါးကို တင်းတင်းဆန့်ထားပါ။ လက်ကို ခေါင်းအပေါ်မြောက်ပေးပြီး ခန္တာကိုယ် ဆန့်နိုင်သဘောက် ဆန့်ပေးပါ။ ပြီးရင် ခြေဖနှောင့်ကို မြင့်ပေးပြီး ခြေချောင်းလေးတွေနဲ့ ထောက်ထားပေးပါ။ ပြီးရင် ခြေဖဝါးနဲ့ပဲ ကြမ်းပြင်ပေါ် နင်းပေးထားပါ။ ခေါင်းကို ခပ်ဖြည်းဖြည်းလေးမော့ပြီး မျက်နှာကြက်ကိုကြည်ကာ အသက်ရှုလိုက် ထုတ်လိုက်လုပ်ပေးပါ။ အဲဒီအတိုင်း စက္ကန့် ၂၀ နဲ့ ၃၀ ထိနေပါ။

ပြီးရင် နဂိုပုံစံအတိုင်းပြန်နေပါ။ ၁၀ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ကြိမ်ပြီးတိုင်း ၁၀ စက္ကန့် နားပေးပါ။

၃။ ခြေထောက်နှစ်ဖက်ကို စုပြီး ရပ်ပေးပါ။ ကျောကို တည့်တည့်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို အပေါ်မြောက်ပြီး အသက်ခပ်ပြင်းပြင်းရှုသွင်းပါ။

အဲဒီနောက် အသက်ရှုထုတ်လိုက်ပါ။ လက်နှစ်ဖက်ကို ပိုက်ပေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့ဖက်ကိုင်းလိုက်ပြီး ပေးပါ။  လက်နှစ်ဖက်ကို မပိုက်ချင်ရင် လက်ချောင်းလေးတွေနဲ့ ခြေချောင်း (သို့) ကြမ်းပြင်ကို ထိထားလို့ရပါတယ်။

ပြီးရင် အသက်ကို မှန်မှန်ရှုပြီး အသက်အောင့်ထားပါ။ ပြီးရင် အသက်ပြန်ရှုထုတ်ပြီး ခန္ဓာကိုယ်ကို နဂိုအတိုင်းပြန်နေပါ။

၁၀ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး တစ်ကြိမ်ပြီးတိုင်း ၁၀စက္ကန့်နားပါ။

၄။ ခန္ဓာကိုယ်ကို မှောက်လျက်နေပြီး ဗိုက်နဲ့ ကြမ်းပြင်ပေါ်ထိထားပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို နောက်ပြန်ကိုင်ပေးထားပါ။ အသက်ကို ခပ်ပြင်းပြင်းရှုပြီး ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ ထိနေပါ။ အဲဒီနောက် အသက်ကို ပုံမှန်လေးရုှလိုက်ထုတ်လိုက်လုပ်နေပြီး အဲဒီအတိုင်း နေပေးပါ။

၅ ကြိမ်လောက်လုပ်ပေးပါ။ တစ်ကြိမ်ပြီးတိုင်း ၁၅ စက္ကန့်လောက်နားပါ။

၅။ ခန္ဓာကိုယ်ကို အခုပုံမှပြထားတဲ့အတိုင်း နေပေးပါ။ ခြေချောင်းတွေနဲ့ ကြမ်းပြင်ကို ထောက်ထားပေးပါ။ မျက်လုံးက လက်ကိုကြည့်ပေးပြီး အသက်ရှုပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ ထိနေပါ။

အဲဒီနောက် အသက်ကို ခပ်ဖြည်းဖြည်းလေး ပြန်ရှုထုတ်ပြီး နဂိုအနေအထားအတိုင်း ပြန်နေပါ။

၅ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပြီး တစ်ကြိမ်ပြီးတိုင်း ၁၅စက္ကန့် နားပေးပါ။