ညဘက် ကောင်းကောင်းအိပ်မပျော်ဘူးဖြစ်နေလား ? အခုဝေမျှပေးမယ့် ယောဂကျင့်စဉ်တွေကို ညဘက် အိပ်ခါနီးမှာ လုပ်ကြည့်ပါ။ သင့်ကို မြန်မြန်အိပ်ပျော်အောင် ကူညီပေးနိုင်မှာပါ။

Siddhasana

အရင်ဆုံး မက်မက်ထိုင်လိုက်ပါ။ အမှောင်ထဲမှာ မျက်လုံးကိုမှိတ်ထားပြီး ဖြည်းဖြည်းချင်း အသက်ကိုရှုပါ။ အတွေးတွေဝင်လာရင် အထူးသဖြင့် နောက်နေ့ဘာလုပ်မယ်ဆိုတဲ့ အတွေးတွေကို ဖယ်လိုက်ပါ။ ပြီးမှ အိပ်ရာထဲ ပက်လက်လှဲလိုက်ပါ။

Viparita Karani

အိပ်ရာဝင်ချိန်မှာ အနားယူပြီး အားပြန်သွင်းဖို့ လိုအပ်တဲ့အခါ 5 မိနစ် ဒါမှမဟုတ် 15 မိနစ်ပဲဖြစ်ဖြစ် တင်ပါးကို နံရံနဲ့ ထောက်ထားပြီး ခြေထောက်တွေကို နံရံပေါ်ထောင်လိုက်ပါ။ သဘာဝအတိုင်း ငြိမ်သက်မှုကို ခံစားလိုက်ပါ။
ဒါက တစ်နေကုန်ပင်ပန်းထားတဲ့ ခြေထောက်အတွက်လည်း ကောင်းသလို သင်အိပ်ပျော်ဖို့လည်း ကူညီပေးပါတယ်။

Paschimottanasana

အရင်ဆုံး ခြေထောက်နှစ်ဘက်ကို တစ်ဖက်နဲ့တစ်ဖက် ညီညီညာညာ ဆန့်တန်းပြီး ခါးကို ကိုင်းချလိုက်ပါ။ လက်နှစ်ဘက်ကို သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးပိုက်ပြီး ခေါင်းပေါ်မှာ ထားပါ။ အိပ်ရာမဝင်ခင် 10 မိနစ် မိနစ် 20 လောက်လုပ်ပေးရင် သင့်ကို ကောင်းကောင်းအိပ်ပျော်စေမှာပါ။

Muertasana

Corpse Pose ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ မီးပိတ် အိပ်ရာထဲရောက်ပြီဆိုတာနဲ့ လေးလံနေတဲ့တစ်ကိုယ်လုံးကို လွှတ်ချလိုက်ပါ။ အတွေးတွေကို တိမ်တွေလို လွင့်ပစ်လိုက်ပါ။ အနည်းဆုံး မိနစ် 20 လောက်နေပါ။