တင်ပါးတင်းရင်းပြီး Strong ဖြစ်တာမျိုးလိုချင်တဲ့သူတွေအတွက် အိမ်မှာ အေးအေးဆေးဆေး လုပ်လို့ရမယ့် ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။ သေချာဇွဲရှိရှိနဲ့ ပုံမျန်လုပ်ပေးသွားမယ်ဆိုရင် ထိရောက်တဲ့ Result ကို ရရှိမှာပါ။

Yogi Squats

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို သေချာလုပ်ပေးပါ။ လက်အနေအထားကိုလည်း ပုံထဲကအတိုင်းပဲ လုပ်ပေးပါ။ ၁၀ ကြိမ်၊ ၁၅ ကြိမ် လုပ်ပေးရပါမယ်။

Chair Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထားအတိုင်းနေလိုက်၊ မတ်တပ်ရပ်လိုက်နဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။

Goddess Pose

ပုံမှာလုပ်ပြထားသလို Goddess Pose အနေအထားနဲ့နေလိုက်၊ မတ်တပ်ရပ်လိုက်နဲ့ လုပ်ပေးပါ။ ခါးကိုမတ်ထားရပါမယ်။ အဲ့အတိုင်း ၁၀ ကြိမ်၊ ၁၅ ကြိမ် လုပ်ပေးရင် ရပါပြီ။

One-legged Bridge

ကြမ်းပြင်မှ ပုံမှာလုပ်ပြထားသလိုနေပြီး ခြေထောက်တစ်ဖက်ကို ပထမပုံထဲကလိုဆန့်ပါ။ ပြီးရင် ဒုတိယပုံထဲကလို အပေါ်ကို ရသလောက် ထပ်မြှောက်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Standing Big Toe Pose

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို တစ်လှည့်စီ လုပ်ရမှာပါ။ ခါးနဲ့ ခြေထောက်က ဆန့်ပြီးမတ်နေရပါမယ်။ တတ်နိုင်သလောက် ခြေဖဝါးကို လက်နဲ့ထိနိုင်အောင် လုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရပါမယ်။

Locust Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်နဲ့ခြေထောက်ကို တစ်ပြိုင်တည်း မြှောက်ပေးရမှာပါ။ အဲ့လိုမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ် လုပ်ပေးပါ။

High Lunge

ပုံမှာလုပ်ပြထားတဲ့ အနေအထား ၂ မျိုးကို တစ်လှည့်စီလုပ်ရမှာပါ။ ပထမပုံထဲကလိုလုပ်ပြီးရင် မတ်တပ်ရပ် ပြီးမှ ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။