သင်က မနက်ပိုင်းမှာ ညင်ညင်သာသာလေးနဲ့ အများကြီးမမောရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ချင်သူ ဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကို ရွေးချယ်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းက သင့်ကို တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းနေစေပြီး စိတ်ပျော်ရွှင်စေပါလိမ့်မယ်။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက သင့်ကို ချက်ချင်းကြီး ဝိတ်ကျစေတာမျိုး မဟုတ်ဘဲ ဖြည်းဖြည်း မှန်မှန်လုပ်ပေးရင်း သိသာစေမယ့်ယောဂလေ့ကျင့်ခန်းတွေပါ။ လေ့ကျင့်ခန်းတွေက ဘာတွေလဲဆိုတော့-

၁။ Cat Cow

Photo Source: Gfycat

ဒူးထောက်ကာ လေးဘက်ထောက်ပုံစံ နေပေးရပါမယ်။ အသက်ရှှုသွင်းကာ အပေါ်ကို မော့ပေးရပါမယ်။ ဒီလိုမော့တဲ့အချိန် သင့်ကျောရိုးက အဝိုက်ပုံစံ ဖြစ်သွားပြီး တင်ပါးက နောက်ပစ်ထားရပါမယ်။ ဒီကနေ နဂိုပုံစံ ပြန်သွားပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက သင့်နောက်ကြောအတွက် ရည်ညွှန်းထားတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါကိုတော့ ၁ မိနစ်ကနေ သုံးမိနစ်အထိ လုပ်ပေးရပါမယ်။

၂။ Down Dog

Photo Source: Tenor

မတ်တပ်ရပ်အနေအထားကနေ အောက်ဘက်ကို ကုန်းကာ လက်ထောက်ပေးရပါမယ်။ ခြေထောက်နဲ့ လက်ကို တစ်တည်းတည်းထားရပါမယ်။ ပြီးနောက် ညာခြေထောက်ကို ဒူးကွေးပေးရပါမယ်။ ပြီးနောက် ဘယ်ခြေကို ဒီလိုပဲ လုပ်ပေးရပါမယ်။ ဒါကို ဘယ်ညာ တစ်လှည့်စီ ၅ ခါ လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ခါးဘေးအဆီတွေအတွက် သင့်တော်ပါတယ်။

၃။ Side Plank

 

Photo Source: Healthline

ခန္ဓာကိုယ်ကို တစ်တန်းတည်းထားကာ ဘေးစောင်း Plank ထောက်ထားရပါမယ်။ အပေါ်ကလက်ကို အပေါ်မြှောက်ထားရပါမယ်။ တင်ပါးနဲ့ ဗိုက်သားကို အားပြုကာ ညှစ်ပေးရပါမယ်။ ဒီအတိုင်း အသက်ရှူကြိမ်နှုန်း နှစ်ခါစာ နေပေးရပါမယ်။ ပြီးရင်တော့ အပေါ်မြှောက်ထားတဲ့ လက်ကို အောက်ဘက်ပြန်ချကာ ကျန်တစ်ဘက်ကို မြှောက်ပေးရပါမယ်။

၄။ Boat Pose

Photo Source: YogaClicks

ခြေထောက်ကို မြေပြင်နဲ့ မထိအောင် 45 Degree လောက်ရောက်တဲ့အထိ ကွေးထားကာ လက်ကို ဆန့်ထားပေးရပါမယ်။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ ကနေ ၁ မိနစ် အထိ နေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ကျောရိုးကို သန်မာစေပြီး ခက်တာကြောင့် သင်လုပ်နိုင်သလောက်ပဲ လုပ်သင့်ပါတယ်။

၅။ Reclining Spinal Twist

Photo Source: Do You Yoga

အိပ်လျက်အနေအထားနဲ့ ဒူးကို ကွေးပေးရပါမယ်။ ပြီးနောက် ဒီကွေးထားတဲ့အတိုင်း ဘေးဘက်စောင်းပေးရပါမယ်။ ခန္ဓာကိုယ်က ဒီအနေအထားအတိုင်းနေကာ အောက်ဘက်ကိုပဲ စောင်းပေးရမှာပါ။ ဒီပုံစံအတိုင်း ၁ မိနစ် ကနေ ၃ မိနစ် နေပေးရပါမယ်။

၆။ Child Pose

Photo Source: Yoga-Practice

ဒီယောဂလေ့ကျင့်ခန်းကတော့ အလွယ်ဆုံးပါပဲ။ ဒူးထောက်ထားကာ ခန္ဓာကိုယ်ကို ရှေ့ဘက် ဆန့်ပေးရပါမယ်။ လက်နှစ်ဖက်ကို ဆန့်ထားကာ တင်ပါးကို ကော့ထားပေးရပါမယ်။ ဒီအနေအထားအတိုင်း ၁ မိနစ် နေပေးရပါမယ်။

By MyStyle Myanmar