တင်ပါးနဲ့ပေါင်မှာ အဆီတွေများလို့ စိတ်ညစ်နေလား ? တင်ပါးနဲ့ ပေါင်အဆီတွေကို ဖယ်ရှားချင်ရင် တင်ပါးနဲ့ ပေါင်အတွက် ယောဂကျင့်ကြည့်ပါ။ မှန်ကန်တဲ့ ယောဂကျင့်စဉ်တွေက တင်ပါးနဲ့ ပေါင်က အဆီတွေကို မြန်မြန်ဆန်ဆန် ကျစေနိုင်ပါတယ်။ ဒါကြောင့် တင်ပါးနဲ့ ပေါင်အဆီကျချင်တယ်ဆို ဒီယောဂလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါ။

Utkatasana

ဒီလေ့ကျင့်ခန်းက ခြေထောက်တွေကို သန်မာစေပြီး ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်။ ဒူးကို ညင်သာစွာကွေးပြီး တင်ပါတွေကို လျှော့ပါ။ လေကိုရှူသွင်းပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပါ။ အသက်ရှုလမ်းကြောင်းကို ထိန်းရင်း ကိုယ်ဟန်အနေအထားကို စက္ကန့်အနည်းငယ်ကြာအောင် ထိန်းထားပါ။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရပ်ပါ။

Virabhadrasana II

ခြေထောက်နှစ်ဘက်ကို အရင်ဆုံးကားလိုက်ပါ။ အရှေ့ခြေထောက်ကို အတည့်ထားပြီး အနောက်ကခြေထောက်ကို ‌လှည့်ထားပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး တင်ပါးတွေကို နှိမ့်ချပါ။ ဒီကိုယ်နေဟန်ထားအတိုင်း‌နေပြီး ဖြည်းဖြည်းချင်း ပြင်းပြင်းထန်ထန် အသက်ရှူပါ။ ပြီးမှ နောက်တဖက်ကို လုပ်ပေးပါ။

Natarajasana

ဒီလေ့ကျင့်ခန်းမှာ ခန္ဓာကိုယ်က ခြေထောက်တစ်ဖက်ကို ဟန်ချက်ညီအောင် ထိန်းထားရတာကြောင့် ခြေထောက်တွေကို သန်မာစေပါတယ်။ အရင်ဆုံး မက်တပ်ရပ်ပါ။ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပါ ။ လက်တစ်ဖက်က မြှောက်ထားတဲ့ခြေထောက်ကို လှမ်းကိုင်ပြီး နောက်လက်တစ်ဖက်ကို ရှေ့ကိုဆန့်လိုက်ပါ။ အသက်ပြင်းပြင်းရှူရင်း ကိုယ်ဟန်အနေအထားကို စက္ကန့်အနည်းငယ်ကြာအောင် ထိန်းထားပါ။ ပြီးမှ နောက်တစ်ဖက်ကို ပြန်လုပ်ပါ။

Ustrasana

ဒီလေ့ကျင့်ခန်းက တင်ပါးဆုံရိုးကို ကြံ့ခိုင်စေပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်မယ်ဆို ဒူးထောက်လိုက်ပါ။ ပြီးမှ ရင်ဘတ်ကိုဖွင့်ပြီး အသာလေးအနောက်ကို လှန်ချလိုက်ပါ။ လက်နှစ်ဖက်က ခြေဖဝါးနှစ်ခုကိုထိအောင် ဆန့်လိုက်ပါ။ အသက်ပြင်းပြင်းရှူရင်း ကိုယ်ဟန်အနေအထားကို ထိန်းထားပါ။ ပြီးမှ လွှတ်ပေးပါ။

Upavistha Konasana

ခြေထောက်တွေကို တတ်နိုင်သမျှ ကျယ်အောင် ဆန့်လိုက်ပါ။ ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကိုဆန့်ပြီး မေးစေ့နဲ့ ဦးခေါင်းကို ကြမ်းပြင်ထိရောက်အောင် ရှေ့ကို ကိုင်းချလိုက်ပါ။ အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ထိဖို့ ကြိုးစားပါ။ ဒါမှမဟုတ် တံတောင်ဆစ်ကိုကွေးပြီး ခေါင်းငိုက်စိုက်ပါ။ အသက်ရှုသွင်းပြီးမှ ဖြည်းဖြည်းချင်း ပြန်ထလာပြီး ခြေထောက်နှစ်ဖက်ကို ပြန်ထိပါ။

Janu Sirsasana

တင်ပါးအဆစ်တွေ ပေါင်နဲ့ တင်ပါးဆုံရိုးတွေကို ပျော့ပျောင်းစေတဲ့ ဒီလေ့ကျင့်ခန်းက Head To Knee Pose လို့လည်း ခေါ်ပါတယ်။ ခြေထောက်ကိုဆန့်ထုတ်ပြီး ဘယ်ခြေက ညာဘက်ပေါင်ကို ထိသွားအောင် ဘယ်ဒူးကို ခေါက်ပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ခန္ဓာကိုယ်ကို ညာခြေထောက်ပေါ်ကိုင်းချလိုက်ပါ။ ဒီကိုယ်ဟန်အနေအထားမှာ ပိုအရေးကြီးတာက နောက်ကျောကို ဖြောင့်တန်းနေအောင်ထားပါ။