ယောဂကျင့်ပေးခြင်းက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အများကြီး တိုးတက်ကောင်းမွန်လာပြီး ပိုမိုကျန်းမာစေပါတယ်။ ဒါကြောင့် အခုမှ ယောဂကျင့်မယ့်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာစေမယ့် လွယ်ကူသောယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။

Mountain Pose

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၂၀ လောက်နေပြီး အသက်ကိုခပ်ပြင်းပြင်း ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ လုပ်ပေးရုံပါပဲ။

Downward Facing Dog

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရင်ရပါပြီ။ ခြေထောက်၊ လက်နဲ့ ကျောရိုးအားလုံးကို ဆန့်ထုတ်ထားပြီး တန်းနေအောင်လုပ်ရပါမယ်။

Cobra Pose

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရင်ရပါပြီ။ ခါးနာနေတဲ့အခါမှာ စက္ကန့် ၃၀ ကို ၂ ကြော့လောက်လုပ်ပေးရင် သက်သာစေပါတယ်။

Warrior Pose

ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့်နေပေးပြီး အချိြန်ပည့်ရင် တစ်ဖက်ကိုပြောင်းလုပ်ပြီး ၁၅ စက္ကန့် ထပ်နေပေးရမှာပါ။ ဒီလိုလုပ်နေတဲ့အချိန်မှာ အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

Bound Angle Pose

ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး မျက်စိမှိတ်ပြီး အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ စက္ကန့် ၃၀ လောက်လုပ်ပေးရင် ရပါပြီ။

Skull Shining Breath

ပုံမှာပြထားတဲ့အတိုင်းနေပြီး အသက်ကိုခပ်ပြင်းပြင်း ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ စက္ကန့် ၆၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Plank Pose

ပုံမှာပြထားတဲ့အတိုင်း plank ထောက်တာကတော့ ကိုယ်အဆင်ပြေသလောက် လုပ်ပေးလို့ရပါတယ်။ ဝိတ်ကျချင်တဲ့သူဆိုရင်တော့ ကြာကြာလေးနေပါ။

Corpse Pose

ကြမ်းပြင်မှာ ပုံမှာပြထားတဲ့အတိုင်းလှဲပြီး မျက်စိမှိတ်ကာ relax လုပ်ပါ။ အသက်ကိုခပ်ပြင်းပြင် ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ကိုယ်အဆင်ပြေသလောက် နေပေးလို့ရပါတယ်။