၂၀၀၀ ခုနှစ်က နည်းပညာတွေ ပိုမိုဖွံ့ဖြိုး ကျယ်ပြန့်လာတဲ့ ခုနှစ်ပါပဲ။ အခုလက်ရှိအချိန်တွေနဲ့ စာရင်တော့ ဟိုးအရင်နှစ်တွေက အကောင်းဆုံး ခုနှစ်တွေလို့ ပြောလို့ရပါတယ်။ ၂၀၀၀ ခုနှစ်မှာ နည်းပညာ ကျယ်ပြန့်ခဲ့သလို ထူးချွန်တဲ့ လူငယ်တွေလည်း များပြားခဲ့ပါတယ်။ ဒီလိုပဲ လူငယ်တွေကြားထဲ ဆံပင်ပုံစံအသစ်တွေလည်း မျိုးစုံ တီထွင်လာကြပါတယ်။ ဒီဆံပင်ပုံစံတွေထဲကမှ ဒီအချိန်ထိ လူငယ်တွေကြား ရေပန်းစားနေဆဲ ဆံပင်စည်းနည်းတွေကို ဖော်ပြပါရစေ။
၁။ Space Buns
Space Bun ရဖို့ ပထမဆုံး ထုံးမယ့် ဆံပင်နှစ်ဖက်ကို အရင် သားရေကွင်းနဲ့ မြင့်မြင့်လေး နှစ်ဖက်စည်းပေးရပါမယ်။ ပြီးနောက် တစ်ဖက်ဆီကို ဆံထုံးရအောင် ထုံးပေးရပါမယ်။
၂။ Zig Zag Spikey Buns
ဆံကြောင်းကို Zig Zag လိုင်းရအောင် အရင်ခွဲပေးရပါမယ်။ ပြီးနောက် ဆံပင်ကို အပေါ် အမြင့်စည်းတာမျိုး မဟုတ်ဘဲ နောက်ဘက်မှာ နှစ်ဖက်စည်းပေးရပါမယ်။ ရှေ့ဆံမြိတ် အသေးလေး နှစ်ခုရအောင် ချထားရပါမယ်။ ပြီးရင်တော့ နောက်က နှစ်ဖက်စည်းထားတဲ့ ဆံပင်ကို ကပိုကယို ပုံစံလေး ခေါက်စည်းပေးရပါမယ်။
၃။ Side Part Spikey Bun
Photo Source: Stylist
ဆံပင်ကို ဘေးဘက် ဆံကြောင်းခွဲရပါမယ်။ ပြီးရင်တော့ ဆံပင်အားလုံးကို နောက်ဘက်မှာ စည်းပေးရပါမယ်။ အပေါ် Zig Zag Spikey Bun လိုပဲ နောက်ဘက် စည်းထားတဲ့ ဆံပင်ကို ခေါက်စည်းပေးရပါမယ်။
၄။ Sectioned Pieces
ဆံပင်ကို ကိုယ်ရှေ့ဘက် စည်းချင်တဲ့ အနေအထားအလိုက် ဆံကြောင်း တစ်ဝက်ခွဲထားရပါမယ်။ ဆံပင် သေးသေးလေး တွေရအောင် သားရေကွင်းအရောင်လေးတွေနဲ့ ကိုယ်လိုချင်တဲ့ အစည်းအလိုက် စည်းပေးရပါမယ်။
Photo source: Pinterest
By MyStyle Myanmar