မိတ်ကပ်လိမ်းချယ်တဲ့အခါမှာ ကိုရီးယားမလေးတွေလို ကြည်ကြည်လေးဖြစ်ချင်တယ်။ ကြည့်လိုက်ရင်လည်း မျက်နှာမှာမိတ်ကပ်လိမ်းလို့လိမ်းထားမှန်း မသိဘူးဖြစ်ချင်တယ်။ မိတ်ကပ်ဆိုတာကလည်း မိန်းကလေးတစ်ယောက်ရဲ့အလှကိုပိုပြီးပေါ်လွင်စေတာမျိုး ဖြစ်ပါတယ်။ နေ့စဥ်ဘဝမှာလည်း မိန်းကလေးတော်တော်များများက  ပြင်ပြင်ဆင်ဆင်နဲ့နေတတ်လာကြပါတယ်။ Natural Makeup  Look ပြင်တဲ့အခါမှာလည်း မှားလေးမှားထရှိတဲ့ အချက်လေးတွေလည်းရှိပါတယ်နော်။ အဲ့အမှားလေးတွေက သတိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ကိုယ့်ရဲ့အသားရောင်နဲ့ ကိုက်ညီတဲ့ မိတ်ကပ် Foundation ကာလာကိုမှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ အသားရောင်နဲ့မကိုက်ညီဘူးဆိုရင် ကိုယ့်မျက်နှာ အရောင်နဲ့မိတ်ကပ်အရောင်နဲ့က ကွာခြားမှုတွေရှိနေတတ်ပါတယ်။ ဒါကြောင့် Foundation အရောင်ကိုမှန်ကန်စွာရွေးချယ်ဖို့ ပြောချင်ပါတယ်။မျက်ခုံးမွှေးဆွဲတဲ့ နေရာမှာလည်းအထူကြီးတွေ ဆွဲဖို့မလိုပါဘူး။ ကိုယ်ရဲ့ရှိပြီးသားမျက်ခုံးကိုပဲ အရောင်လေးနည်းနည်းတင်လိုက်တာမျိုးဆိုရင် အဆင်ပြေပါတယ်နော်။ နောက်ဆုံးတစ်ချက်က ပါးနီကိုနီတောက်တောက်အရောင်ကြီးတွေ အသုံးပြုတာတက် Nude ဘက်သွားတဲ့အရောင်မျိုးကိုသုံးပေးသင့်ပါတယ်။ Natural Makeup Look ကကြည့်ရတာလည်း ရိုးရိုးရှင်းရှင်းဖြစ်သလို လိမ်းရတာလည်းအချိန်လည်းအရမ်းမပေးရတဲ့ Makeup Look မျိုးဖြစ်ပါတယ်။


Photo Source – Pinterest