ရုပ်ပိုင်းဆိုင်ရာအရ ပြုပြင်မှုဖြစ်တဲ့ Personal Care နဲ့ ပတ်သက်ပြီး နေ့တိုင်းလုပ်နေကြပေမယ့် တချို့တွေရဲ့ တစ်ကိုယ်ရည်လှပသန့်ရှင်းရေးဆိုင်ရာ အလေ့အထတွေက အားနည်းချက်တွေ ရှိနေကြဆဲပါ။

ဒီတစ်ခေါက်မှာတော့ လှအောင်ပြင်ရင်း လူအထင်သေးသွားကြတဲ့ Grooming အလေ့အထတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) မျက်ခုံးကို အလွန်အမင်း ပြုပြင်ခြင်း

မျက်ခုံးထူထူ မျက်လုံးလှလှ ရှိသူတွေဆို ကြွေကြတာ မှန်ပါတယ်။ ဒါပေမယ့်လည်း လိုတာထက်ပိုပြီး မျက်ခုံးရိတ်ခြင်း မျက်ခုံးဆေးခြယ်တာမျိူးကတော့ မလှတဲ့အပြင် အထင်ပါ သေးတတ်ကြပါတယ်။

(၂) ရေမွှေးဆွတ်လွန်းခြင်း

ဘယ်သူမဆို ရေမွှေးနံ့သင်းသင်းလးကို သဘောကျတတ်ကြပေမယ့် ရေမွှေးတွေ နင်းကန်ဆွတ်ထားပြီး မွှန်ထူနေရင် ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ရေမွှေးနံ့ တထောင်းထောင်း ဆွတ်လာတဲ့လူကို အားလုံးက အထင်အမြင်သေးတာ သဘာဝပါပဲ။

(၃) Haircoat ပုံနေအောင် လိမ်းခြင်း

ဒီ Grooming အမှားကတော့ အတော်များများ လုပ်ဖူးကြပါတယ်။ Haircoat ကို လိုအပ်တဲ့ပမာဏထက် ပိုသုံးမိတတ်ကြပါတယ်။ ဆံပင်မှာ ပုံနေအောင် လိမ်းတာဟာ အရုပ်လည်းဆိုးသလို ဆံပင်လည်း ပျက်စီးစေပါတယ်။