အသားအရေထိန်းသိမ်းခြင်းက အမှန်တကယ်အရေးကြီးပေမယ့် အခုပြောမယ့် အလေ့အထအမှားတွေက သင့်ကို အိုမင်းမှုမြန်ဆန်စေပြီး မျက်နှာပေါ် အရေးအကြောင်းတွေဖြစ်လာစေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေဖြစ်တယ်ဆိုတာ သတိထားမိဖို့လိုပါတယ်။

(၁) မှောက်အိပ်ခြင်း

သင့်မျက်နှာကို ခေါင်းအုံးပေါ်မှာ နာရီပေါင်းများစွာဖိအိပ်မယ်ဆိုရင် အရေးအကြောင်းဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ဖက်တည်းကို မျက်နှာဖိအပ်တာဟာ အဲ့ဒီတစ်ဖက်မှာအရေးအကြောင်းတွေ ပိုဖြစ်လာစေနိုင်တာပါ။ ပလက်အနေအထား အိပ်စက်ခြင်းကအရေးအကြောင်းတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။

(၂) ပီကေဝါးခြင်း

ပီကေအမြဲဝါးလေ့ရှိသူတွေဟာ များသောအားဖြင့် ပါးစပ်တစ်ဝိုက်မှာအရေးအကြောင်းတွေဖြစ်လေ့ရှိပါတယ်။ ပီကေဝါးတဲ့အခါ ပါးစပ်တစ်ဝိုက်က ကြွက်သားတွေကို အလွန်အကျွံအသုံးပြုရတဲ့အတွက် အရေးအကြောင်းတွေကို ဖြစ်လာစေတာဖြစ်ပါတယ်။

(၃) Junk Food တွေစားခြင်း

ပေါင်မုန့်ဖြူ ၊ အနီရောင်အသား ၊ အချိုရည်များ၊ အချိုလွန်ကဲစားစရာများနဲ့ ပြုပြင်ထားသော အစားအစာများစားခြင်းဟာ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပြီး မျက်နှာအရေပြားပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

(၄) နေကာမျက်မှန်မတပ်ခြင်း

နေကာမျက်မှန်မတပ်ဘဲ နေပူထဲအထွက်များခြင်းကလည်း အရေးအကြောင်းဖြစ်စေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် နေပူထဲမှာ တစ်စုံတစ်ခုကို စူးစိုက်ကြည့်တဲ့အခါမျိုးမှာ သင့်မျက်လုံးတစ်ဝိုက်က ကြွက်သားတွေကိုပိုမိုအားစိုက်ရတာကြောင့် အရေးအကြောင်းတွေထင်ထင်ရှားရှားဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။