လူတွေက အလုပ်မှာရာထူးတိုးဖို့နဲ့ လစာတိုးဖို့အတွက် အလုပ်ရှင်တွေ သဘောကျလာအောင် နည်းမျိုးစုံနဲ့ ကြိုးစားအားထုတ်ပြလေ့ရှိကြတယ်။ ဒါပေမယ့် လူတွေသတိမထားမိကြတာက အသေးအဖွဲသော လက်ဟန်အမူအရာတွေ နေထိုင်မူပုံစံတွေဟာ အလုပ်ထဲမှာ အရေးကြီးတယ်ဆိုတာပါပဲ။ ဒီနေ့တော့ အလုပ်ထဲမှာ မလုပ်သင့်တဲ့ Body Language အမှားတွေအကြောင်း ဆွေးနွေးပေးသွားမှာပါ။
ပျော့ခွေပြီး သက်သောင့်သက်သာထိုင်းခြင်း
လူတွေတော်တော်များများဟာ အိမ်မှာထိုင်ပြီး တီဗီ ရုပ်ရှင်တွေကြည့်နေတဲ့အချိန်မှာ ပျော့ခွေပြီး သက်သောင့်သက်သာ ထိုင်တတ်ကြပါတယ်။ တစ်ချို့တွေက အလုပ်မှာလည်း ဒီအတိုင်းထိုင်ကြပါတယ်။ ဒါဟာ ခါးကျန်းမာရေးအတွက် မကောင်းသလို သင့်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။
ဒီလိုထိုင်နေခြင်းက အရမ်းသက်သောင့်သက်တာဖြစ်နေတာကြောင့် သင်ဟာ ကိုယ်လုပ်နေတဲ့အလုပ်ကို ဂရုမစိုက်ကြောင်း ပျင်းရိနေတဲ့သူဖြစ်ကြောင်း ပေါ်လွင်စေပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ ဒီလို သက်သောင့်သက်သာထိုင်တတ်တဲ့ အကျင့်ကို ဖျောက်ပစ်လိုက်ပါ။
မျက်လုံးကစားခြင်း
ဒီလို မျက်လုံးကစားတဲ့အမူအရာက ရိုင်းတယ်လို့ ယူဆထားကြတယ်။ အလုပ်ထဲမှာတင်မကပဲ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကြားမှာဖြစ်ဖြစ် ဒီအမူအရာက လက်ခံနိုင်စရာမရှိပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဒီအမူအရာလုပ်ပြခြင်းက သူတို့ကိုစော်ကားရာရောက်ပါတယ်။ ဘာလို့လဲဆိုတော့ အနားမှာရှိတဲ့တစ်ယောက်ယောက်က ရီစရာ (သို့) တခုခုအလွဲအလွဲအချော်ချော် လုပ်မိတဲ့အချိန်မှာ ဒီလိုမျက်လုံးကစားပြီး ပြလေ့ရှိတယ်လို့ ယူဆထားကြလို့ပါ။
တခြားလူရဲ့ Personal Space ကို မလေးစားခြင်း
မိမိရဲ့အလုပ်ရှင် (သို့) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လောက်ထိရင်းနှီးနေပါစေ သူတို့ရဲ့ Personal Space ကို မလေးစားခြင်းက ကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒီလိုတခြားသူအနားမှာ အရမ်းကြီးနီးကပ်စွာ တိုးကပ်သွားခြင်းက သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေပြီး သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဒါကြောင့် တခြားလူတွေနဲ့ သင့်တော်တဲ့ အကွာအဝေးတခုမှာ နေသင့်ကြောင်း အကြံပေးပါရစေ။
ရုံးခန်းထဲ တိတ်ဆိက်စွာ ဝင်ရောက်ခြင်း
လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ခြင်းမရှိဘဲ ရုံးခန်းထဲ တိတ်ဆိက်စွာ ဝင်ရောက်ခြင်းက ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ဒါက မောက်မာခြင်း (သို့) မဖော်ရွေဘူးဆိုတာကို ပြရာရောက်ပါတယ်။ ဒါကြောင့် ရုံးခန်းထဲဝင်ရောက်တဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်တာ (သို့) အနည်းဆုံး ပြုံးပြတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
အချိန်ကိုမကြာခဏကြည့်နေခြင်း
အလုပ်ရှင် (သို့) လုပ်ဖော်ကိုင်ဖက်တွေ (သို့) သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့အချိန်မတွေမှာတောင် နာရီ (သို့) ဖုန်းကိုမကြာခဏ ကြည့်နေခြင်းက ရိုင်းစိုင်းရာရောက်ပါတယ်။ ဒီလိုလုပ်နေခြင်းက မိမိဟာ သူတို့နဲ့ စကားပြောဆိုလိုစိတ် မရှိကြောင်း သူတို့ပြောတာတွေကို စိတ်မဝင်စားကြောင်း ပြရာရောက်ပါတယ်။ ဒါကြောင့် ဒီအကျင့်ကို ဖျောက်ပစ်တာ အကောင်းဆုံးပါ။
Source: Bright Side