ဓာတ်ပုံရိုက်တဲ့အခါမှာ Pose ပေးနည်းမှားနေရင် ကြည့်ရတာတစ်မျိုးကြီးဖြစ်ပြီး မလှပါဘူး။ ဒါကြောင့် ဓာတ်ပုံရိုက်ရင် ပုံလှလှလေးထွက်မှ ကြိုက်တဲ့သူတွေနဲ့ Pose သေချာပေးတတ်ချင်တဲ့ သူတွေအတွက် Pose ပေးနည်းအမှားတွေနဲ့ လှပအောင် Pose သေချာပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

နံရံကပ်ပြီး မတ်တပ်ရပ်ရိုက်မယ်ဆိုရင် ပထမပုံထဲကလို Pose ပေးတာက ခြေထောက်ရော၊ လက်ရောမလှပါဘူး။ ကြည့်ရတာတစ်မျိုးကြီး ဖြစ်နေပါတယ်။ ဒုတိယပုံကမှ Pose ပေးနည်းအမှန်ပါ။ အထာကျပြီးမိုက်ပါတယ်။

ထိုင်ရိုက်တဲ့အခါမှာ ခုံမှာပထမပုံထဲကလိုထိုင်ရင် ကုတ်ချောင်းချောင်းဖြစ်ပြီး မလှပါဘူး။ ဒုတိယပုံထဲကလို ထိုင်ပြီး Pose ပေးတာက အရပ်လည်းပိုရှည်သလို ဖြစ်သွားပြီး လှပါတယ်။

ခြေထောက်ချိတ်ထိုင်တာက လှတယ်ဆိုပေမယ့် ပထမပုံထဲကလိုက လက်ပြင်ကုန်းပြီး လူကောင်ပိုသေးသွားစေပါတယ်။ ဒုတိယပုံကမှ Pose ပေးနည်းအမှန်ပါ။

ဒီ Pose မှာဆိုရင်လည်း ကြည့်လိုက်တာနဲ့ ဒုတိယပုံထဲက Pose ပေးနည်းက ပိုမိုက်ပြီးလှတာ သိသာပါတယ်။

ဒီ Pose မှာဆိုရင်လည်း ဒုတိယပုံထဲက Pose ပေးနည်းက အရပ်ပိုရှည်သွားစေပါတယ်။ ပထမပုံက Pose ပေးနည်းအမှားပါ။

လှေကားမှာထိုင်ရိုက်တဲ့အခါမှာဆိုရင် ခြေထောက်ထားပုံက အရေးကြီးပါတယ်။

ပထမပုံထဲကလို မတ်တပ်ရပ်ပြီး Pose ပေးတာက မြန်မာဝတ်စုံလေးတွေနဲ့မှ လိုက်ဖက်တာပါ။ ဘောင်းဘီ၊ စကပ်တွေနဲ့ကျတော့ အဲ့လို Pose မျိုးက Pose သိပ်မပေးတတ်တဲ့ပုံစံ ဖြစ်နေစေပါတယ်။

အထာကျကျပုံလေးနဲ့ Pose ပေးချင်ရင် ပထမ Pose ကိုအမြဲရှောင်ပါ။ ဒုတိယ Pose ကိုသာ Try ကြည့်ပါ။

လက်မြှောက်ပြီးရိုက်တာက လက်မြှောက်တဲ့ပုံစံမဟုတ်ရင် ရယ်စရာကြီး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သေချာလေး Pose ပေးကြည့်ပါ။

ကိုယ့်ဘေးမှာ နံရံရှိရင် ဒီလိုလေးတွေ Pose ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ပုံကောင်းလေးတွေထွက်လာမှာ သေချာပါတယ်။

Photo source:www.pinterest.com