မင်္ဂလာပါနော်။ လက်ဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အသုံးဝင်တဲ့ အင်္ဂါ အိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရာဝတ္တုတွေကို ထိတွေ့ကိုင်တွယ်ရပြီး အမြဲတမ်းလိုလို အသုံးပြုနေလို့ သင့်ရဲ့ လက်ကလေးတွေ အရေးအကြောင်းဖြစ်ပြီး ကြမ်းတမ်းနေပြီလား။

ကျွန်မတို့တွေဟာ အဓိကအားဖြင့် မျက်နှာအသားအရေကို အလေးထား ဂရုစိုက်ကြပေမယ့် လက်က အသားအရေကိုတော့ သိပ်ပြီး ဂရုစိုက်လေ့မရှိကြပါဘူး။

သင့်ရဲ့လက်အသားအရေလေး နူးညံ့စိုပြေစေဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း

သခွားသီး အရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဂျယ်လီမှုန့် (Gelatin Powder) စားပွဲတင်ဇွန်း ၂ဇွန်း

မုန့်ဖုတ်ဆိုဒါ (Baking Soda) လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပြီး Microwave ထဲထည့်လိုက်ပါ။ ပြီးရင် ၁၅ စက္ကန့်လောက်အပူပေးလိုက်ပါ။ အဲဒီနောက် သေချာလေးမွှေလိုက်ပြီး နောက်တစ်ခါ အပူထပ်ပေးပါ။

ပြီးသွားရင်တော့ လက်ပေါ်မှာ လိမ်းပေးလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားရင် ခွာချလိုက်ပါ။

နေလောင်ကွက်တွေ အညစ်အကြေးတွေကို သက်သာစေမှာဖြစ်ပါတယ်။

တစ်လကို ၃ ကြိမ်လောက်လုပ်ပေးပါ။