အမျိုးသမီးတိုင်း လှပတဲ့ဆံကေသာအလှတရားကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် သင်လုပ်လိုက်တဲ့ တချို့ အပြုအမူတွေက ဆံကေသာကို ပိုပြီး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ စာဖတ်သူတို့လည်း ရှောင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆံပင်အဖျားတိဖို့ အကြာကြီးစောင့်ခြင်း

ဆံပင်အဖျားတွေ ထိခိုက်ပျက်စီးပြီး အဖျားနှစ်ခွဖြစ်နေတာကို ညှပ်ဖို့ ဆံပင်ရှည်လာတဲ့အထိ အကြာကြီးစောင့်နေတာမျိုးက သင့်ဆံကေသာကိုပိုပြီး ထိခိုက်ပျက်စီးစေပါတယ်။

၂။ မိမိဘာသာ ဆံပင်ဆေးဆိုးခြင်း

ဆိုင်မှာ ဆံပင်ဆေးဆိုးတာကလည်း ဆံကေသာ ထိခိုက်ပျက်စီးစေတာမှန်ပေမယ့် မိမိဘာသာ ဆံပင်ဆိုးရင် ပိုပြီး ပျက်စီးပါတယ်။ ဆံပင်ဆိုးဆေးတွေဆိုးမယ်ဆိုရင် တတ်သိနားလည်တဲ့သူတွေနဲ့ ဆိုးတာအကောင်းဆုံးပါပဲ။

၃။ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးခြင်း

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးနဲ့ ခပ်ကြမ်းကြမ်းဖြီးပေးတာဟာ ဆံကေသာ အပြင်ပိုင်းကို များစွာထိခိုက်ပျက်စီးစေနိုင်ပါတယ်။ဒါ့အပြင် ဆံကေသာကို ကြမ်းတမ်းစေပါတယ်။

၄။ ညစ်ပတ်နေတဲ့ ခေါင်းဘီးသုံးခြင်း

ခေါင်းဖြီးတဲ့အချိန်မှာ ခေါင်းဘီ ညစ်ပတ်နေသလားဆိုတာ သေချာကြည့်ပါ။ ညစ်ပတ်နေတဲ့ ခေါင်းဘီးနဲ့ ခေါင်းဖြီးတာဟာ ဆံကေသာကို ပိုပြီးပျက်စီးစေပါတယ်။ ခေါင်းဘီးကို ၃ ရက်တစ်ကြိမ်လောက် ဆေးသင့်ပါတယ်။

၅။ ရေနွေးနဲ့ မကြာခဏ ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ ခေါင်းလျှော်တာဟာ ဆံပင်ကျွတ်စေသလို ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ခေါင်းလျှော်ရင်လည်း ရေနွေးနဲ့မဟုတ်ဘဲ ရေအေးနဲ့ပဲ တစ်ပတ် ၂ ကြိမ်လောက်သာ လျှော်ပေးသင့်ပါတယ်။

၆။ ပေါင်းဆေးမသုံးခြင်း

ခေါင်းလျှော်တဲ့အခါ ဆံပင်ပေါင်းဆေးမသုံးတာဟာလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရည်မသုံးဘဲ ပေါင်းဆေးနဲ့ ပဲ လျှော်မယ်ဆိုရင်လည်း ဦးရေပြားကို အဆီပြန်စေပြီး ပျက်စီးလွယ်စေပါတယ်။

၇။ ခေါင်းလျှော်ရည်ကို ပြောင်းလဲပြီးမသုံးခြင်း

ခေါင်းလျှော်ရည်သုံးရာမှာ အမျိုးအစားကို ပြောင်းလဲပြီးမသုံးပေးရင်လည်း ဆံကေသာကို ခိုက်ပျက်စီးစေပါတယ်။ ဆောင်တးွင်းမှာဆိုရင်လည်း သင့်ဦးရေပြာနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်သုံးပါ။

၈။ ခေါင်းမကြာခဏဖြီးခြင်း

တစ်နေ့ကို ခေါင်းခဏခဏ ဖြီးနေတာဟာ သင့်ဆံကေသာကို ကြမ်းတမ်းစေပါတယ်။

၉။ ဆံပင်အရမ်းတင်းတင်းစည်းခြင်း

ဆံပင်စည်းရာမှာ အရမ်းတင်းတင်းကြပ်ကြပ်စည်းတာဟာလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ အမြစ်ကနေ ဆံပင်ကို ခပ်တင်းတင်းဆွဲထားသလိုမျိုးဖြစ်လို့ ခေါင်းကိုက်စေသလို ဆံပင်ကျွတ်စေပါတယ်။

၁၀။ နေရောင်ခြည်နဲ့ မကြာခဏ ထိတွေ့ခြင်း

ဆံပင်ကို နေရောင်ခြည်နဲ့ မကြာခဏထိတွေ့တာဟာ ဆံပင်အရောင်ကျွတ်စေပြီး ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်နဲ့ ခဏခဏ မထိတွေ့ပါနဲပ။