လူတစ်ယောက်ရဲ့ ကျန်းမာရေးက ကိုယ့်ရဲ့နေပုံထိုင်မှုပုံစံနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ အစားအသောက်ကိုလည်း အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အစားအသောက်ကလည်း လူတစ်ယောက်ကို ကျန်းမာအောင်လည်း လုပ်ပေးနိုင်သလို ဆိုးကျိုးဖြစ်အောင်လည်း လုပ်ပေးနိုင်ပါတယ်။လူတွေကတစ်ခါတစ်လေမှာ ညဘက်တွေမှာ ဗိုက်ဆာတတ်လို့ရင် ကျန်းမာရေးနဲ့လုံးဝမညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်ကြပါတယ်။ အဲ့လိုမျိုးညအိပ်ရာမဝင်ခင် စားပေးလိုက်ခြင်းအားဖြင့် ကယ်လိုရီတွေတက်စေတဲ့အပြင် အဆီတွေကိုပိုတက်စေနိုင်ပါတယ်။
ဆီကြော်
ဆီကြော်စာတွေဖြစ်တဲ့ အားလူးကြော်တို့၊ကြက်ကြော်၊ ဘာဂါတို့က ကယ်လိုရီကိုမြင့်စေနိုင်တဲ့အပြင် အစာခြေစနစ်ကိုလည်းထိိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး ညဘက်အချိန်မတော်စားလိုက်ခြင်းအားဖြင့် အစာအိမ်ပြဿနာ၊ ဝမ်းချုပ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း ရေဓာတ်ထိန်းတဲ့ ပြဿနာကိုလည်း ဖြစ်စေနိုင်တဲ့အတွက် နိုးထလာတဲ့အခါမှာလည်း အရေပြားတင်းရင်းတာကို ဖြစ်စေနိုင်ပါတယ်။
အစပ် အလွန်အကျွံစားခြင်း
ဘာပဲစားစား အစပ်အရသာလေးပါမှ အရသာရှိတယ်ဆိုတဲ့သူတွေအနေနဲ့ အထူးကိုအလေးထားသင့်ပါတယ်။ နေ့ခင်းဘက်မှာတော့ အစပ်စားခြင်းက ပြဿနာမရှိသော်လည်း ညဘက်အချိန်မှာစားရင်တော့ အစာအိမ်လမ်းကြောင်းကို အရမ်းကိုထိခိုက်စေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ခက်ခဲစေနိုင်တဲ့ ဗိုက်အောင့်တာ၊ လေထိုးတာတွေ ဖြစ်စေနိုင်ပါတယ်။
အချို စားများခြင်း
မြန်မာလူမျိုးတွေက အချို၊ အဆိတ်စားရတာကို အင်မတန်မှကြိုက်ကြပါတယ်။ ညဘက်တွေ အိပ်ခါနီး ဗိုက်ဆာတယ်ဆိုပြီး Cake တွေထိုင်စားတာမျိုး၊အချိုများတဲ့ Snack တွေစားတာမျိုးလုံးဝမလုပ်သင့်ပါဘူးနော်။ ညဘက်မှာ အချိုများစားသုံးခြင်းကြောင့် Insulin Resistance ကိုကျဆင်းစေနိုင်ပါတယ်။ ညဘက်ကိုယ်လက်လှုပ်ရှားမှု မရှိပဲအိပ်ရာဝင်တာများလာရင်လည်း ဆီးချိုရောဂါဖြစ်စေဖို့ တွန်းအားပေးသလို ဖြစ်စေပါတယ်။
Photo Source – Free.pik