Skin Care တွေဘယ်လောက်ပဲသုံးသုံး ဝက်ခြံတွေကထွက်လာတယ် အသားအရေကအဆီပြန်လာတယ်ဆိုရင်တော့ ကိုယ်စားနေတဲ့အစားအသောက်ကို သတိထားဖို့တော့လိုအပ်နေပါပြီ။ အခုပြောပြတဲ့ အစားအသောက်တွေက လိုတာထက်ပိုပြီးစားရင် ကိုယ်အလေးချိန်အတွက်လည်း အဆင်မပြေသလို အဆီပိုတွေကိုလည်း ပိုပြီးဖြစ်စေပါတယ်။ ခန္ဓာကိုယ်ကလည်း အပြင်အသားအရေကိုပဲ ဂရုစိုက်နေရုံနဲ့မပြီးသေးပါဘူးနော်။ ဝက်ခြံဆိုတာကလည်း ဘက်တီးရီးယားပိုးတစ်မျိုး ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆမနေသင့်ပါဘူးနော်။ ဒါတင်မက အသားအရေကြမ်းတမ်းမှု၊ ဝက်ခြံထွက်မှု ကိုလည်း သက်ရောက်မှုရှိစေပါတယ်နော်။ ကဲ့ဒီလိုဆိုရင် လိုတာထက်ပိုမစားသင့်ပဲ မျှတစွာစားပေးသင့်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ။

ကော်ဖီ


ကော်ဖီကို တစ်နေ့တာအတွက် ၂ ခွက် ၃ခွက်ထက် ပိုပြီးသောက်ပါက စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းကိုထွက်ဖို့ အားပေးသလိုလည်းဖြစ်သလို အရေးပြားကို ပါးလွှာစေပြီး အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီကြိုက်သူတွေအနေနဲ့လည်း တစ်နေ့ကို ၅ခွက်လောက်သောက်တာကနေ လျော့ပြီးတော့ သောက်သင့်ပါတယ်။

Alcohol 


သူငယ်ချင်းတွေဆုံတိုင်း သောက်ဖြစ်တယ် သောကြာနေ့ညရောက်ပြီးဆို Bar ကိုအမြဲတမ်းသွားဖြစ်တယ်ဆိုတဲ့ သူတွေအထူးဂရုစိုက်သင့်ပါတယ်။ Alochol ကရေဓာတ်ကိုခမ်းခြောက်စေခြင်း၊ အသားအရေခြောက်ခြင်း စတဲ့ဆိုးကျိုးတွေကို ခံစားနိုင်ပါတယ်။ တစ်ခါတစ်လေမှ သောက်တဲ့သူအတွက်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်နိုင်သလို အလွန်အကြူးဆိုရင်တော့ အသားအရေအတွက်မက တစ်ခြားဘေးဥပဒ်တွေကိုလည်း ခံစားရတတ်ပါတယ်။

သကြား


ဒီအချက်ကိုတော့ လိုတွေကအမှတ်တမဲ့ဖြစ်နေတတ်ကြပါတယ်။ အချိုဓာတ်စားများရင် ခန္ဓာကိုယ်အတွက်ဆိုးကျိုးရှိဘမလားတို့ ဘာမှမဖြစ်လောက်ဘူးလို့တော်တော်များများက တွေးတတ်ကြပါတယ်။ သကြားမှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်က Collagen နဲ့ Elastin ဓာတ်ကိုပါထိခိုက်လာနိုင်ပါတယ်။အရွယ်မတိုင်မီ အသားအရေပျော့ပျောင်းလာတတ်ပြီး တွန့်ဆုတ်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါတယ်။

Photo Source – Free.pik