သင်က တင်ပါး မထွက်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ အခု ပြထားတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ တင်သားရှိမှ ဘာဝတ်ဝတ် ကြည့်ရအဆင်ပြေတာတွေ ရှိပါတယ်။ အထူးသဖြင့် မြန်မာဝတ်စုံ ဝတ်ရင် တင်ထွက်နေမှ ကြည့်ရ အဆင်ပြေပါတယ်။ တင်သားပိုကြီးလာဖို့ လေ့ကျင့်ခန်း လုပ်ရမယ့် အပြင် အစားအသောက်ကိုပါ တွဲစား ပေးရပါမယ်။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေက အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဒီတော့ စားရမယ့် အစားအသောက်တွေနဲ့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

လေ့ကျင့်ခန်း ၁- Fire Hydrants

  • ဒူးထောက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဆန့်ပေးထားရပါမယ်။
  • ပြီးနောက် ဒူးကွေးလျက်နဲ့ ပေါင်ကို ဘေးဘက် ကားပေးရပါမယ်။
  • ဘယ်ဘက်ကို အခါ ၂၀ ညာဘက်ကို အခါ ၂၀ လုပ်ပေးရပါမယ်။
  • ဒါကို ဘယ်ညာ စုစုပေါင်း အခါ ၂၀ စာ လေးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Pinterest

လေ့ကျင့်ခန်း ၂- Donkey Kicks

  • ပထမလေ့ကျင့်ခန်း လိုပဲ ဒူးကွေးကာ လက်နှစ်ဖက် ကို အားပြုထားရပါမယ်။
  • ပြီးနောက် ဒူးကွေးလျက်အနေအထားကိုပဲ ဘေးဘက်မသွားဘဲ အပေါ်ဘက် မြှောက်ပေးရပါမယ်။
  • ဒါကိုလည်း ဘယ်ညာ အခါ ၂၀ စီ လေးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Gfycat

လေ့ကျင့်ခန်း ၃- Glute Bridge

  • အိပ်လျက်အနေအထားနဲ့ ဒူးကို ကွေးပြီး နေပေးရပါမယ်။
  • ပြီးနောက် ခန္ဓာကိုယ်ကို အပေါ် ပင့်တင်ပေးရပါမယ်။
  • ဒီလို ပင့်တင်တဲ့အချိန် တင်သားကို အားပြုကာ ညှစ်ပေးရပါမယ်။ အခါ ၂၀ သုံးကြိမ်ပေးရပါမယ်။

Photo Source: Pinterest

လေ့ကျင့်ခန်း ၄- Quadruped Hip Circles

  • အပေါ် လေ့ကျင့်ခန်းတွေလိုပဲ ဒူးကွေးပြီး နေပေးရပါမယ်။
  • ကွေးထားတဲ့ ညာဘက်ဒူးကို ဒီအနေအထားနဲ့ပဲ စက်ဝိုင်းပုံစံ နာရီလက်တံ ဝိုက်သလို လှည့်ပေးရပါမယ်။
  • ဘယ်ညာ အခါ ၂၀ စီ လေးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Popsugar

လေ့ကျင့်ခန်း ၅- Chair Split Squat

  • ဒီလေ့ကျင့်ခန်းအတွက် လိုအပ်တာကတော့ ထိုင်ခုံတစ်လုံးပါ။
  • ထိုင်ခုံပေါ် ညာဘက်ခြေထောက် တင်ပြီး ကျန်တဲ့ ခြေထောက်ကို အားပြုကာ ထိုင်ထ လုပ်ပေးရပါမယ်။
  • တစ်ဘက်စီကို ၁၅ ခါနဲ့ လေးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Fitness Science

စားရမယ့် အစားအသောက်များ

Photo Source: Pristyn Care

တင်သားထွက်လာစေဖို့ စားသင့်တဲ့ အစားအသောက်တွေကတော့-

၁။ အစေ့အဆံ
၂။ ပဲအမျိုးမျိုး
၃။ ဆယ်လ်မွန်ငါး
၄။ အသားအမျိုးမျိုး
၅။ ဆန်ညို
၆။ ထောပတ်သီး
၇။ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ပြီးတော့ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား ခဏ အနားပေးဖို့ မမေ့သင့်ပါဘူး။ အပေါ်က လေ့ကျင့်ခန်းတွေကို ထိရောက်စေဖု့ိ တစ်ပတ်မှာ ငါးရက် လုပ်ပေးသင့်ပါတယ်။

By MyStyle Myanmar