တစ်ကမ္ဘာလုံးက အမျိုးသမီးတော်တော်များများက ဝမ်းဗိုက်ပြားချပ်ဖို့အတွက် ဆယ်စုနှစ်တစ်ခုစာလောက် ကြိုးစားနေကြရတာပါ။ လေ့ကျင့်ခန်းတွေလုပ်၊ အစားတွေ လျှော့စားပြီးလို့ အဆီအနည်းငယ်ကျသွားတဲ့အခါ အစားအသောက် သောင်းကျန်းတဲ့အကျင့်လေးက ပြန်စလာပြန်ပါရော။

စင်မြင့်ထက်ပေါ်မှာ လျှောက်လှမ်းနေကြတဲ့ ကမ္ဘာကျော်မော်ဒယ်လေးတွေရဲ့ ဝမ်းဗိုက်လို အဆီပိုတွေ မရှိဘဲ  ချပ်ရပ်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကို တစ်နေ့ကို ၅ မိနစ်ခန့် အချိန်ပေးပြီး မှန်မှန်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ ဝမ်းဗိုက်ကို ချပ်ထားပြီး ခြေထောက်ကို အပေါ်မြှောက်ကာ ဘယ်ညာ တစ်လှည့်စီ အပေါ် အောက် လွှဲလိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပြီး စက္ကန့် ၃၀ ခန့် အနားယူကာ နောက်ထပ် ၁၅ ကြိမ် ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၂)

ပုံစံ (၁) က အနေအထားအတိုင်း ဒူးခေါင်းကို ၉၀ ဒီဂရီထားကာ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်ချပြီး လှဲလျောင်းနေပါ။ ဒူးနှစ်ဖက်ကို ရင်ဘက်ဆီသို့ ဆွဲယူလိုက်ပြီး တင်ပါးကြွကာ ခြေထောက်ကို မျက်နှာကျက်ဆီသို့ ပင့်တင်လိုက်ပါ။ ၁၅ ကြိမ် ပြုလုပ်ပါ။ မနားဘဲ နောက်ထပ် ၁၅ ကြိမ် ပြန်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်နေပါ။ ပုံ (၁) က အနေအထားအတိုင်း ညာခြေကို အနောက်သို့ ပို့လိုက်ပြီး ဒူးကွေးလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း မတ်တပ်ပြန်ရပ်ပါ။ ညာခြေကို အရှေ့သို့ ကန်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ၁၅ ကြိမ် ပြုလုပ်ပါ။ စက္ကန့် အနည်းငယ် အနားယူပါ နောက်ထပ် ၁၅ ကြိမ် ပြန်လုပ်ပါ။ ဘယ်ခြေထောက်ကိုလည်း ထိုနည်းအတိုင်းပါပဲ။

လေ့ကျင့်ခန်း (၄)

လက်နှစ်ဖက်ကို ပုခုံးအောက်မှာ ဆန့်တန်းထားပြီး ခြေထောက်နှစ်ဖက်ကိုလည်း ဆန့်တန်းထားပါ။ ထို့နောက် ဒူးခေါင်းကို ရင်ဘက်ဆီသို့ရောက်အောင် ဆွဲယူလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ညာ တစ်လှည့်စီပြုလုပ်ပါ။ ၁၅ ကြိမ် ပြုလုပ်ပြီး အနားယူပါ နောက်ထပ် ၁၅ ကြိမ် ပြန်လုပ်ပါ။

လေ့ကျင့်ခန်း (၅)

ပုံစံ (၁) က အနေအထားအတိုင်း လက်ကို ပုခုံးအောက်မှာ ထောက်ထားပြီး ခြေထောက်ကို အရှေ့ပို့ပြီး ဒူးအနည်းငယ် ကွေးညွှတ်ကာ ထိုင်တဲ့ပုံသဏ္ဍာန်ပြုလုပ်ပါ။ ဘယ်ခြေကို အပေါ်မြှောက်၊ ညာလက်က ဘယ်ခြေကို လှမ်းထိလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ညာတစ်လှည့်စီ ပြုလုပ်ပါ။ ၁၆ ကြိမ် ပြုလုပ်ပါ။ ခေတ္တ ခဏ အနားယူပြီး နောက်ထပ် ၁၆ ကြိမ် ပြန်လုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်ဖို့အတွက် ကြာချိန်ကတော့ ၅ မိနစ်ကနေ ၇ မိနစ် အတွင်းပဲဖြစ်တာကြောင့် တစ်နေ့ကို အချိန်နည်းနည်းလောက် ဖဲ့ပေးရုံနဲ့တင် ချပ်ရပ်တဲ့ ဝမ်းဗိုက်လေး ပိုင်ဆိုင်နိုင်မှာပါ။

Source: Brightside.me

Featured image Source: Youtube.com