မင်္ဂလာပါနော်။ ITZY အဖွဲ့ထဲက အငယ်ဆုံးလေး Yuna ကိုတော့ Kpop ပရိသတ်တော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အဖွဲ့ရဲ့ Visual တစ်ဦးပီပီ အရုပ်လေးတစ်ရုပ်လို ချစ်စရာမျက်နှာပေါက်လေးရှိတဲ့ သူမဟာ သဲနာရီပုံစံ အချိုးကျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပါ ပိုင်ဆိုင်ထားသူပါ။

အသက် ၁၉ နှစ်သာရှိသေးပေမယ့် အဆိုရော အကပါ ကျွမ်းကျင်ပြီး ပျိုမေတိုင်း အားကျရတဲ့ Body ကို ထိန်းထားနိုင်သူမို့ ပရိသတ်တွေကိုယ်တိုင်က အလှဆုံးခန္ဓာကိုယ်ရှိတဲ့ Idol တစ်ဦးအဖြစ် အသိအမှတ်ပြုကြပါတယ်။
Yuna ဟာ သူမရဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းမှုနဲ့ပက်သက်ပြီး ပုံမှန်အားဖြင့် အစားစားတဲ့အခါ နည်းနည်းချင်းစီ ခွဲစားလေ့ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြပေးခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ညီတဲ့ အသီးအရွက်သုပ်တွေစားပြီး ညအိပ်ရာမဝင်ခင် ၆နာရီအလိုမှာ အစားရှောင့်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မနက်အိပ်ရာနိုးချိန်၊ ညအိပ်ရာဝင်ချိန်တိုင်းမှာ ပေါင်ချိန်တတ်တဲ့ အကျင့်လုပ်ထားပြီး ဒါက သူမခန္ဓာကိုယ်အနေအထားကို အမြဲတမ်း သတိထားနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။


သင်ကိုယ်တိုင်လည်း Yuna လို ခန္ဓာကိုယ်မျိုး ရချင်ရင်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ရင်းနဲ့လည်း ကြိုးစားကြည့်နိုင်ပါတယ်နော်။ ဒီတစ်ခေါက်မှာ Yuna လို ကောက်ကြောင်းလေး ပေါ်လာဖို့ ကူညီပေးမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးသွားမှာပါ။ လိုက်လုပ်ကြည့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်။

ခန္ဓာကိုယ်အပေါ်ပိုင်း ကျစ်လျစ်ဖို့အတွက် လက်နှစ်ဖက်နဲ့ အလေးမပြီး အတင်အချလုပ်ပေးပါနော်။ ၆ ကြိမ်မှ ၈ ကြိမ် ပြုလုပ်ပြီး သုံးကြော့ပြန်လုပ်ပေးပါ။

 

ခါးဘေးက အဆီပိုတွေကျပြီး ခါးသွယ်သွယ်လေးရစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်နှစ်ဖက်နဲ့ ဘောလုံး (သို့) အလေးတုံးတစ်တုံး မ ပြီး ခြေထောက်နှစ်ဖက်ကို မြှောက်လျက် ဝမ်းဗိုက်ကြွက်သားတွေကို အားပြုပြီး ခန္ဓာကိုယ် တစ်ဖက်စီလိမ်ကာ လှည့်ပေးပါ။ အမြန်ဆုံးထိရောက်ဖို့ ၈ ကြိမ် ၅ ကြော့အထိ လုပ်ပေးနိုင်ပါတယ်။

တင်ဘေးအဆီကျပြီး တင်ပါးထွက်စေမယ့် လေ့ကျင့်ခန်းပါ။ ပုံထဲကလို ခုံတစ်ခုံကို နောက်ပြန်မှီပြီး ဒူးထောင်ထားပါ။ အလေးတုံးကို ဝမ်းဗိုက်အောက်ပိုင်း ခပ်လျော့လျော့တင်ကာ တင်ပါးတွေကို ပင့်လိုက် ပြန်ချလိုက် လုပ်ပေးရပါမယ်။ သူ့ကိုလည်း တစ်ကြော့မှာ ၈ ကြိမ်စီ ၃ ကြော့ပြည့်အောင်လုပ်ပေးပါ။

တင်ပါးတွဲကျတာ ပြုပြင်ပေးမယ့် လေ့ကျင့်ခန်းဖြစ်ပြီး ပုံထဲကလို လှဲတဲ့အနေအထားနဲ့ ဒူးထောင်ကာ လက်တွေ ကြမ်းပြင်မှာကပ်ပြီး ခန္ဓာကိုယ်ကိုတော့ အပေါ်မြှင့်လိုက် ပြန်ချလိုက်လုပ်ပေးရမှာပါ။ သူ့ကိုလည်း ၈ ကြိမ်မှ ၁၅ ကြိမ်ကြား ၃ ကြော့ခန့် ပြုလုပ်ပေးသင့်ပါတယ်။

ပုံထဲကလို ခြေထောက်ကားကာ ဒူးတစ်ဖက်စီကွေးရတဲ့ Lunges လေ့ကျင့်ခန်းကတော့ တင်ပါးနဲ့ ပေါင်တွေ ကျစ်လျစ်သွယ်လျလာဖို့ ကူညီပေးမှာပါ။ ကြွက်သားကျစ်လျစ်မှုအတွက် ပိုပြီးထိရောက်အောင် အလေးတုံးတွေ မ ပြီးပြုလုပ်ပေးဖို့ လိုပါတယ်။ သူ့ကိုလည်း ဘယ်ညာ နှစ်ဖက်အတွက် ၈ ကြိမ်မှ ၁၅ ကြိမ်ကြား ၃ ကြော့ခန့် ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar