၁၂ လပိုင်းရောက်နေပြီဆိုတော့ ရာသီဥတုကလည်း တဖြည်းဖြည်းနဲ့ အေးလို့လာပါပြီ။ ရန်ကုန်မှာတော့ အအေးဓာတ်က သိပ်ပြီးမသိသာသေးပေမယ့် ပြင်ဦးလွင်၊ တောင်ကြီးတို့လို တောင်ပေါ်မြို့တွေမှာဆို တော်တော်ကိုအေးနေပြီမို့လို့ အနွေးထည်နှစ်ထပ်ဝတ်၊ ညဖက်ဆို စောင်နှစ်ထပ်ခြုံ အိပ်နေရပြီလို့ တောင်ကြီးမှာရှိတဲ့ Admin ရဲ့သူငယ်ချင်းက ပြောပြပါတယ်။

ဒီလိုမျိုး ချမ်းစိမ့်တဲ့ဆောင်းရာသီကို ကြုံတွေ့နေရပြီဖြစ်တဲ့ တောင်ပေါ်မြို့က ပျိုမေလေးတွေသာမက ဝင်ခါစ ဆောင်းရာသီအအေးဓာတ်လေးကို ကြိုဆိုနေတဲ့ ရန်ကုန်မြို့သူလေးတွေရော ဒီနှစ်ဆောင်းရာသီမှာ စတိုင်လ်ကျကျ ဝတ်စားနိုင်ဖို့အတွက် MyStyle Myanmar ကနေပြီး လိုက်ဖက်မယ့်ဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Source: Pinterest