အမျိုးသမီးတိုင်းက သူတို့ရဲ့ခန္ဓာကိုယ်က လှတယ်လို့ထင်ရတဲ့ အစိတ်အပိုင်းတွေကို ပေါ်လွင်ချင်ကြသလို တစ်ဖက်မှာကျတော့လည်း မပြီးပြည့်စုံဘူးလို့ ထင်ရတဲ့ အပိုင်းတွေကိုကျတော့ ဖုံးကွယ်ချင်တတ်ကြပါတယ်။ ဒီလိုမျိုး အားသာချက်၊ အားနည်းချက်တွေကို လှစ်ဟပြဖို့၊ ဖုံးကွယ်ဖို့အတွက် အဝတ်အစား တွေကို ရွေးချယ်ရတာကလည်း လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်လှပါဘူး။ စတိုင်လ်၊ အရောင်ကာလာ၊ ချုပ်ပုံချုပ်နည်း စသဖြင့် သူ့နေရာနဲ့သူ လိုက်ဖက်ညီအောင်၊ အချိုးကျအောင် ပေါင်းစပ်တတ်ရပါသေးတယ်။

ဒါကြောင့်မို့ ကိုယ်ရဲ့ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်ချင်တယ်၊ ဘယ်နေရာတွေကိုတော့ ဖုံးထားချင်တယ်ဆိုတဲ့ ပျိုမေများအနေနဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ရာမှာ သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ဗွီပုံစံ လည်ပင်းအဟိုက်ရှိတဲ့ အကျီအဝတ်အစားတွေက ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့အလှကို ပိုပြီးပေါ်လွင်စေသလို ခန္ဓာကိုယ်ကိုလည်း ပိုပြီး ပိန်သယောင် ထင်ရစေပါတယ်။ အရှေ့ရင်ဘတ်ပိုင်းရဲ့အလှကြောင့် ခန္ဓာကိုယ်တခြားနေရာတွေကို လိုက်မကြည့်မိတော့အောင် အာရုံပြောင်းလိုက်သလိုလည်း ဖြစ်စေပါတယ်။

၂။ တစ်ရောင်တည်းထက် နှစ်ရောင်စပ်ပြီးချုပ်ထားတဲ့ Dress တွေက ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးသေးသွယ်သလိုထင်ရစေပြီး သင့်ကိုပိုပိန်သွားသလို ပေါ်စေပါတယ်။ ဒါ့အပြင် သင့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုလည်း သာမန်ထက် ပေါ်လွင်စေပါသေးတယ်။

၃။ လက်ရှိပုံမှန်ထက် ပိုပြီးပိန်သလို ဖြစ်ချင်တယ်ဆိုရင် အပေါ်အောက်အရောင်တူကိုဝတ်ဆင်ပါ။ ဒီလိုမျိုးဝတ်ဆင်ခြင်းက ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းတို့ကို ပေါင်းစပ်လိုက်သလို ဖြစ်သွားစေတာကြောင့် ပိန်သလိုမျိုးဖြစ်သွားစေပါတယ်။ ပိုပြီးကြည့်ကောင်းဖို့အတွက် အနက်၊ အပြာရင့်ရင့်၊ အညို၊ အသားရောင်၊ ခဲရောင်နဲ့ နီညိုရောင်တို့လို အရောင်ရင့်ရင့်တွေကို ရွေးချယ်ပါ။

၄။ ကြယ်သီးမတပ်ထားဘဲ သို့မဟုတ် လျှော့ရဲရဲခါးပါးရှိတဲ့ အပေါ်ထပ်အကျီ၊ ကုတ်အကျီတို့ကိုဝတ်ဆင်ခြင်းက သင့်ကိုပိုပြီး အရပ်ရှည်တယ်လို့လည်း ထင်ရစေနိုင်ပါတယ်။

၅။ အချိုးအစားပြေပြစ်တဲ့ သဲနာရီကောက်ကြောင်းပုံစံကို ဖန်တီးဖို့အတွက် ဒူးနားလောက်ရှည်တဲ့ ဂါဝန် သို့မဟုတ် စကပ်ကို အပေါ် fit ဖြစ်တဲ့အကျီနဲ့တွဲဝတ်ပြီးတော့ ရယူနိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဂါဝန်ဝတ်တဲ့အခါ ခါးပတ်လေးကိုလည်း ပေါင်းစပ်လိုက်ခြင်းက ခါးကိုပိုပြီးပေါ်လွင်သွားစေပါတယ်။

၆။ အစင်းကြောင်းပါတဲ့ အကျီတွေကိုဝတ်ဆင်တဲ့အခါ အမြဲသတိထားရပါမယ်။ အစင်းကြောင်းကြီးတဲ့ အကျီတွေက ခန္ဓာကိုယ်ကို ပိုပြီးဝသယောင်ထင်ရစေလို့ အစင်းကြောင်းသေးတဲ့အကျီ သို့မဟုတ် သိပ်မပါတဲ့အကျီတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၇။ ခါးစည်းကြိုးပါတဲ့ Dress တွေက ခန္ဓာကိုယ်အချိုးအစားကို ပိုပြီးပေါ်လွင်စေလို့ သင့်ကိုပိုပြီးကြည့်လို့ကောင်းစေပါတယ်။ ခါးအပေါ်နားမှာ ကြိုးစည်းပါတဲ့ Dress တွေက ဗိုက်ကိုဝှက်ထားပြီး တင်ကျယ်သောသူများအတွက်လည်း ဟန်ချက်ညီစေပါတယ်။

၈။ ခါးတင်အပေါ်ထပ်အကျီတွေထက် အတန်ငယ်ပွပြီးတော့ ခါးရှည်တဲ့အပေါ်ထက်အကျီတွေကို ဝတ်ဆင်ခြင်းက သင့်ကိုပိုဝတယ်လို့ မထင်ရစေသလို မလှဘူးလို့တွေးနေတဲ့ အစိတ်အပိုင်းတွေကိုတောင် ဖုံးထားပေးရာရောက်ပါလိမ့်မယ်။

၉။ အကျီတွေကို ဘောင်းဘီထဲထည့်ဝတ်တာက ပိုပိန်တယ်လို့ထင်ရစေပေမယ့်လည်း တီရှပ် သို့မဟုတ် ဘလောက်စ်တို့ကို ခါးထဲထည့်မဝတ်ဘူးဆိုရင်တော့ သင့်ကိုပိုပြီးပုသယောင်ထင်ရစေပြီး ခန္ဓာကိုယ်အချိုးအစားကိုလည်း မလှမပဖြစ်သွားစေနိုင်ပါတယ်။

၁၀။ လက်တစ်ခုလုံးအပြည့်ပါတဲ့ အကျီတွေထက် တံတောင်လောက်ထိသာရှည်တဲ့ အကျီတွေကိုဝတ်ဆင်ခြင်းက လက်သွယ်သွယ်ကိုပေါ်လွင်စေလို့ ခန္ဓာကိုယ်ကိုလည်း ပိုပိန်သလိုဖြစ်သွားစေပါတယ်။

၁၁။ ဖိနပ်နဲ့အရောင်ဆင်တူဖြစ်တဲ့ အသားကပ်ဘောင်းဘီတွေကို ဝတ်ဆင်ခြင်းက ခြေထောက်ပိုသွယ်၊ ပိုရှည်တယ်လို့ထင်ရစေပါတယ်။

၁၂။ High-rise ဂျင်းဘောင်းဘီတွေနဲ့ ရိုးရိုးဘောင်းဘီတွေက သာမန်ချက်ပေါ်ဘောင်းဘီတွေထက်စာရင် သင့်ရဲ့ခြေထောက်တွေကို ပိုရှည်သလိုဖြစ်စေပါတယ်။

၁၃။ High-waist သို့မဟုတ် Mid-length Pencil စကပ်တွေက ခန္ဓာကိုယ်အချိုးအစားကိုပိုပြီးလှပစေပါတယ်။

Source: BrightSide