မြန်မာအမျိုးသမီးအများစုက အိမ်ရှင်မတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် အိမ်ထောင့်တာဝန်ကျေပွန်ဖို့အတွက် မနက်စောစောထ ချက်ပြုတ်ရတာ အလုပ်တွေမပြီးလို့ ညဉ့်နက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကိုယ့်ရဲ့ချစ်ဇနီးကို ချစ်လို့ လက်ထပ်ထားကြတဲ့ အမျိုးသားတွေအနေနဲ့ အိပ်ရေး၀၀အိပ်ခိုင်းသင့်ပါတယ်။ မနက်အိပ်ယာမထချင်တဲ့အခါ အတင်းမနိုးသင့်ပါဘူး။ ဘာလို့လဲဆိုတော့……..

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန် ပိုလိုအပ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဦးနှောက်ပိုအလုပ်လုပ်ရလို့ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရှိ Loughborough တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ Jim Horne က အိပ်ချိန်နည်းတဲ့အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ ရန်လိုမုန်းတီးမှုတွေ စိတ်ကျရောဂါတွေ နဲ့ အမျက်ဒေါသကြီးတဲ့ခံစားချက်တွေ မြင့်စေတယ်လို့ ဆိုပါတယ်။

၈ နာရီလောက် အိပ်ရမှာလား

တစ်ညကို ရှစ်နာရီလောက်ထိ အပ်စရာမလိုပါဘူး။ ၇ နာရီလောက်အိပ်စက်တာဟာ လူသားတို့ရဲ့ စွမ်းဆောင်ရည်အတွက် လုံလောက်တဲ့ ပမာဏပါပဲ။ အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ အမျိုးသားတွေထက် ပိုရှုပ်ထွေးပြီး အိပ်ရေး၀၀ အိပ်ဖို့ လိုအပ်ပါတယ်။

ဘာလို့ ပိုရှုပ်ထွေးတာလဲ

အမျိုးသမီးတွေရဲ့ ဦးနှောက်စွမ်းဆောင်ရည်ဟာ အမျိုးသားတွေထက်ပိုပြီး ထက်သန်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလည်းပိုပါတယ်။ ဒါ့ကြောင့် တစ်နေ့တာ ဆောင်ရွက်မှုတွေအတွက် အိပ်ရေး၀၀ အိပ်ပေးဖို့လိုပါတယ်။

အမျိုးသားတွေကော မလိုဘူးလား

ဆုံးဖြတ်ချက်တွေ အများကြီးချပေးရတဲ့ အထက်ပိုင်းလူကြီးနေရာမျိုးမှာ အလုပ်လုပ်ကိုင်ကြတဲ့အမျိုးသားတွေဟာ သာမန်အမျိုးသားတွေထက် ပိုပြီး အိပ်သင့်ပါတယ်။ အမျိုးသမီးတွေရဲ့ ပျမ်းမျှ အိပ်ချိန်ထက် ပိုမအိပ်သင့်ပါဘူး။

Source: hangoutlife.com