တချို့ယောကျာ်းလေးတွေရဲ့ အပြုအမူက မြင်ရတဲ့ မိန်းကလေးတိုင်းကို ရင်ခုန်စေပါတယ်။ ကိုးရီးယားဇာတ်လမ်းတွေထဲမှာ မင်းသားက အရမ်းအလိုက်သိပြီး အရမ်းရိုတတ်တာကို ကြည့််ရှှုသူ မိန်းကလေးတွေရင်ခုန်သလိုပေါ့။ ဒီကမ္ဘာပေါ်မှာ ကိုယ့်ချစ်သူကို ခြေနင်းဘတ်လောက် တန်ဖိုးမထားတဲ့ယောကျာ်းရှိသလို ဘုရင်မတစ်ပါးလို ဆက်ဆံတဲ့ ယောကျာ်းလေးတွေလည်းရှိပါတယ်။ ယောကျာ်းလေးတစ်ယောက်က ရုပ်ချောနေရုံ သန့်ပြန့်နေရုံနဲ့မရသေးပါဘူး။ ဒါတွေက ခဏတဖြုတ်အပေါ်ယံပါပဲ။ နောက်ထပ် အရေးကြီးလာတာ တစ်ခုက သူတို့ရဲ့ ဆက်ဆံပုံ အပြုအမူတွေပါ။ မိန်းကလေးတိုင်းကို ရူးခါသွားစေမယ့် ယောကျာ်းလေးတွေရဲ့ အမူအရာတွေက ဒီလိုပါ။

၁။ ကာကွယ်ပေးတယ်

သင့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတတ်ပါတယ်။

၂။ သေးသေးလေးက အစဂရုစိုက်တယ်

သင်နဲ့သူ လမ်းလျှောက်တဲ့အချိန်တောင် သင် ညာဘက်က လျှောက်လား ဘယ်ဘက်ကလျှောက်လား လိုက်ကြည့်တတ်သူရယ်ပါ။

၃။ သင်ပျော်ဖို့ အကုန်လုပ်ပေးတယ်

သင်ပျော်ဖို့ သူတတ်နိုင်တာ မှန်သမျှ အကုန်လုပ်ပေးပါတယ်။

၄။ အထိအတွေ့

သူက သင်နဲ့ အသားချင်းထိနေရမှ ကျေနပ်တာပါ။ လမ်းလျှောက်တဲ့အချိန် လက်ကလေးဆွဲထားပါတယ်။ သင့်ခါးလေးကို တစ်ခါတလေ ဖက်ထားတတ်တယ်။ ဒါတွေက ဘာကြောင့်လဲ။ သူက သင့်ကို အရမ်းချစ်လို့ပါ။


၅။ အပြုံး

သင်နဲ့ အတူရှိချိန်တိုင်း သူက ပြုံးနေတတ်ပါတယ်။

၆။ Goodnight

သင့်ကို အိပ်ရာဝင်ခါနီးတိုင်း Goodnight လို့ပြောပြီးမှ အိပ်တတ်ပါတယ်။


၇။ သဝန်တိုတယ်

သဝန်တိုတတ်တဲ့ ယောကျာ်းလေးတစ်ယောက်က တစ်ခါတလေ မုန်းဖို့ကောင်းသလို ချစ်ဖို့လည်းကောင်းပါသေးတယ်။

၈။ ဘဝ

မိန်းကလေးတစ်ယောက်က သူ့ဘဝတစ်ခုလုံးစာလို့ သတ်မှတ်ထားတဲ့ ယောကျာ်းလေးတစ်ယောက်ဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲ။