ကလေးမွေးပြီးရင်ပဲဖြစ်ဖြစ် လက်ထပ်ပြီးရင်ပဲဖြစ်ဖြစ် တင်သားကျသွားတတ်ပါတယ်။ အပျိုဆိုပေမယ့်လည်း တစ်ချို့က တင်မလှတာ တင်မရှိတာမျိုးလည်းရှိပါတယ်နော်။ ဘာပဲဖြစ်ဖြစ်ပါ တင်သားလှပြီး တင်သားမှာရှိနေတဲ့ အဆီတွေကို ချချင်တဲ့ပျိုမေတို့အတွက် တင်လေ့ကျင့်ခန်းကို မျှဝေလိုက်ပြီနော်။

၁။ လေ့ကျင့်ခန်း ၁

အရင်ဆုံး လက်နှစ်ဖက်ကို ဆန့် ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပြီး ရပ်လိုက်ပါ။ ပြီးရင် အသက်ပြင်းပြင်းရှုပြီး ဒူးအောက်နားထိ ထိုင်ချလိုက်ပါ။ ပြီးရင် အသက်ပြန်ရှုထုတ်ပြီး ပြန်ထပါ။ ၁၅ ကြိမ်လောက်လုပ်ပေးရမှာပါ။

၂။ လေ့ကျင့်ခန်း ၂

ခုံအပု (သို့) တုံးအမြင့်လေးတစ်ခုကို ရှေ့မှာချထားပါ။ ပြီးရင် အဲဒီခုံအပုပေါ် ခြေထောက်တစ်ဖက်တင်လိုက်ပြီး ဒူးကွေးကာ ထိုင်လိုက်ပါ။ ပြီးရင် တစ်ဖက်ကို အပေါ်ပြန်တင်ပြီး နောက်တစ်ဖက်ကို ပြန်ချပါ။ ပြီးရင် ဒူးဝက်လောက် ထိုင်ချပေးပါ။ တင်ကို အားပြုပြီးလုပ်ပေးရမှာပါ။ ၁၅ ကြိမ်လောက်လုပ်ပေးပါ။

၃။ လေ့ကျင့်ခန်း ၃

အရင်ဆုံးကိုယ်ကို မတ်မတ်ရပ်ထားပြီး ခါးထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကိုရှေ့ထုတ်ပြီး တစ်ဖက်ကို အနောက်ဖက်မှာ ချထားပေးပါ။ ဘယ်နဲ့ညာကို ပြောင်းလုပ်ပါ။ တစ်ဖက်ကို ၁၅ ကြိမ်ဆီလုပ်ပေးရမှာပါ။

၄။ လေ့ကျင့်ခန်း ၄

အရင်ဆုံး ပက်လက်အိပ်လိုက်ပြီး ဘေးစောင်းလိုက်ပါ။ ပြီးရင် လက်တစ်ဖက်နဲ ခေါင်းကိုထောက်ပြီး တစ်ဖက်ကို ချထားပေးပါ။ အဲဒီနောက် ခြေထောက်တစ်ဖက်ကို မြောက်ပေးပါ။ ၃ စက္ကန့် ကနေ ၅ စက္ကန့်လောက်ထိနေပြီးရင်အောက်ချပေးပါ။ အခါ ၁၅ လောက်လုပ်ပေးပြီး နောက်တစ်ဖက်ကို ပြောင်းပါ။

၅။ လေ့ကျင့်ခန်း ၅

အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင်လက်နှစ်ဖက်ကို ခါးအောက်မှာထားထားပါ။ အဲဒီနောက် ခြေထောက်နှစ်ဖက်လုံးကို အပေါ် နည်းနည်းမြောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မြင့်မြင့်မြောက်ပါ။ ၃ စက္ကန့်လောက်နေပြီး ပြန်ချပါ။ ပြီးရင် နောက်တစ်ဖက်မြောက်ပါ။ ခြေထောက်တစ်ဖက်ဆီကို အခါ ၂၀ ဆီဖြစ်ပါတယ်။

၆။ လေ့ကျင့်ခန်း ၆

အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ဘေးနည်းနည်းကားလိုက်ပါ။ ခြေဖဝါးနှစ်ဖက်ကို ဘေးဖက် ထုတ်လိုက်ပါ။ လက်နှစ်ဖက်ကို စုလိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို ဘေးကားပြီး ပြန်စုလိုက်ပါ။ ၁၅ ကြိမ်ကနေ အကြိမ် ၃၀ ထိလုပ်ပေးပါ။

၇။ လေ့ကျင့်ခန်း ၇

တန်းတစ်ခုခု တိုင်တစ်ခုခုကို လက်တစ်ဖက်နဲ့ ကိုင်ထားပေးပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို အရှေ့နောက်လွှဲပေးပါ။ အကြိမ် ၂၀ လောက်လုပ်ပေးပြီး နောက်တစ်ဖက်ပြောင်းပေးပါ။