၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ဖွား Wu Xuanyi ဟာ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ အဆိုတော်နဲ့ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေသူတစ်ဦးပါ။ သူမကိုတော့ တရုတ်နိုင်ငံ ဟိုင်နန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ Yuehua Entertainment ကနေတဆင့် တောင်ကိုရီးယားက Starship Entertainment ရဲ့ သင်တန်းသူဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ မိန်းကလေး ၁၂ ယောက်ပါဝင်တဲ့ WJSN ဆိုတဲ့အဖွဲ့နဲ့ Debut လုပ်ခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်အစပိုင်းလောက်မှာ တရုတ်နိုင်ငံက Produce 101 အစီအစဥ်မှာ ပါဝင်ဖို့အတွက် WJSN အဖွဲ့ကနေ အနားယူခဲ့ပါတယ်။

ထိုအစီအစဥ်မှာ ဒုတိယနေရာကို ပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးမိန်းကလေးအဖွဲ့ Rocket Girls 101 အဖွဲ့မှာ ၂၀၂၀ ခုနှစ်အထိ ပါဝင်ခဲ့ပါတယ်။ အဖွဲ့ဖျက်သိမ်းသွားချိန်မှာတော့ တရုတ်နိုင်ငံမှာပဲ တစ်ကိုယ်တော် အဆိုတော်နဲ့ မင်းသမီးအဖြစ် အခုချိန်ထိ ဆက်လက်လှုပ်ရှားနေပါတယ်။

သူမရိုက်ကူးထားပြီးတဲ့ ဇာတ်လမ်းတွဲတွေကတော့ The Princess and the Werewolf, Sweet Teeth, Rising With the Wind, Douluo Continent တို့ပဲဖြစ်ပါတယ်။

ကဲ..အခုဆိုရင် သူမရဲ့အကြောင်းလေးတွေ သိသင့်သလောက် သိပြီးပြီဆိုတော့ စာဖတ်ချစ်ပျိုမေလေးတို့ အတုယူနိုင်စေမယ့် Wu Xuanyi ရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Image Source: Pinterest