အားလုံးပဲမင်္ဂလာပါနော်။ နွေရာသီလည်းရောက်ပြီဆိုတော့ ပူလာပြီဟုတ်။ ဒီလိုအချိန်မှာ Air-Con ခန်းမှာ နေနေပေမယ့် နွေရာသီဆိုတော့ အပြင်လေးသွားလိုက်ရင်လည်း ပူလာရောနော်။ နွေရာသီဆို ပူအိုက်တာကြောင့် ပေါ့ပေါ့ပါးပါးရှိတဲ့ မိတ်ကပ်ပုံစံလေးကို လိမ်းချယ်ပေးသင့်ပါတယ်။

No-Makeup လိုမျိုး မိတ်ကပ်မပါသလို ပုံစံမျိုးပေါ့ပေါ့ပါးပါးလေးလိမ်းရအောင်။

၁။ Primer လိမ်းပါ

အရင်ဆုံး အသားအရေအတွက် ခရင်မ်လေးလိမ်းပြီးရင် မိတ်ကပ် Prime ကိုလိမ်းပေးပါ။ ဒီ Primer က မျက်နှာအဆီပြန်တာကိုလျှော့ချပေးပြီးတော့ ချွေးပေါက်လေးတွေကိုလည်း ကျဉ်းသလို ထင်ရစေပါတယ်နော်။ မိတ်ကပ်သားကိုလည်း ပိုပြီးဝင်စေပြီးအသားအရေနဲ့တစ်ထပ်တည်းကျစေလို့ Primer လိမ်းပေးပါ။

၂။ Cushion လိမ်းပါ

ပြီးရင်တော့ Cushion လိမ်းပေးပါ။ မိမိအသားအရေနဲ့ သင့်တော်တဲ့ Cushion ကိုလိမ်းပေးဖို့လိုပါတယ်။

၃။ နွေရာသီနဲ့လိုက်ဖက်တဲ့ အရောင်လေးသုံးမယ်

အမည်းရောင်နဲ့အရောင်ရင့်ရင်တွေကို မသုံးဘဲ အရောင်လင်းလင်းလေးနဲ့လှနေမယ့် Eyeshadow လေးတွေကို လိမ်းချယ်ပေးပါ။

၃။ အရောင်တောက်တောက် Liner

ရေစိုခံတဲ့ အရောင်တောက်တောက်တောက် Eyeliner ကိုသုံးပေးပါ။ ဒီလိုအရောင်လေးတွေက သင့်ကိုနွေရာသီမှာ လင်းလက်စေမှာဖြစ်ပါတယ်။

၄။ ပါးနုနုလေး

ဆယ်ကျော်သက်လေးလို ပန်းသွေးနုရောင် သန်းတဲ့ ပါးနုနုလေးဖြစ်ဖို့ ပါးပြင်ကို ပါးနီနုနုလေး လိမ်းချယ်ပေးပါ။

၅။ အရောင်ရဲတဲ့ နှူတ်ခမ်းနီလေးဆိုးမယ်

အရောင်ရဲရဲ (သို့) အရောင်စိုတဲ့ နှုတ်ခမ်းနီကိုဆိုးပေးပါ။ ဒီလိုနှုတ်ခမ်းနီအရောင်လေးက သင့်ကိုပိုပြီး တောက်ပစေမှာပါ။

Photo: Yesstyle.com

By: MyStyle Myanmar