ဆောင်းရာသီမှာဆိုရင် အသားခြောက်တာ၊ အသားအရည်ညစ်တာက အရမ်းဖြစ်တဲ့အတွက် ပုံမှန်အချိန်ထက် ပိုဂရုစိုက်ပြီး Skincare လည်း ပိုသုံးပေးရပါတယ်။ တော်တော်များများက Skincare ဆိုရင် ညပိုင်းပဲ သေချာလုပ်ပြီး မနက်ပိုင်းကို ပြီးစလွယ်ပဲလုပ်လေ့ရှိကြပါတယ်။ တကယ်တော့ မနက်ပိုင်းလည်း သေချာလိမ်းပေးဖို့ လိုပါတယ်နော်။ ဒါကြောင့် ဆောင်းရာသီအတွက် မနက်ပိုင်းမှာလိမ်းပေးရမယ့် Skincare အဆင့်တွေကို ပြောပြပေးလိုက်ပါတယ်။

Cleanser

မျက်နှာသစ်ဆေးကို နူးညံ့တဲ့ မျက်နှာသစ်ဆေး (Mild Cleanser) နဲ့ မျက်နှာသစ်ပေးပါ။

Toner, Mist

Toner လိမ်းပေးပါ။ Facial Mist ရှိရင် Toner မလိမ်းခင် ဖြန်းပေးပြီးမှ Toner လိမ်းပေးလို့လည်း ရပါတယ်။

Serum

Serum လိမ်းပေးပါ။ ညပိုင်းမှ လိမ်းရတာမဟုတ်ပါဘူးနော်။ အရမ်းကိုအဆီပြန်တဲ့ အသားအရေပိုင်ရှင်မဟုတ်ရင် ဆောင်းတွင်းမှာ မနက်ပိုင်းလည်း Serum လိမ်းပေးပါ။ ရေဓာတ်ပြည့်ပေးတဲ့ Serum လိမ်းပေးတာတော့ အကောင်းဆုံးပါပဲ။ ဥပမာဆိုရင် Hyaluronic Serum ပါ။

Eyecream

မနက်ပိုင်းမှာလည်း Eyecream လိမ်းပေးပါ။ မနက်၊ ည တစ်နေ့ ၂ ကြိမ်လိမ်းပေးပါ။ မျက်လုံးဧရိယာက ခြောက်သွေ့နေရင် အရေးအကြောင်းတွေ ပိုပေါ်လာပြီး မျက်ကွင်းလည်း ပိုညိုပါတယ်။

Moisturizer

ဘယ်လိုအသားအရေပဲဖြစ်ဖြစ် မနက်ကော ညပါ မဖြစ်မနေ Moisturizer လိမ်းပေးဖို့ လိုပါတယ်နော်။

Sunscreen

နောက်ဆုံးအဆင့်ကတော့ Sunscreen ပါ။ မနက်ပိုင်းမှာ မဖြစ်မနေ Sunscreen လိမ်းပေးပါ။ အိမ်ထဲမှာနေလည်း လိမ်းပေးပါ။