အသားအရေတို့၊ ဆံကေသာတို့ဆိုတာက ဆောင်းရာသီမှာ ပိုပြီးတော့ ထိခိုက်ပျက်စီးလွယ်ပါတယ်။ ဆံသားဆိုလည်း သေချာဂရုမစိုက်ပဲ ပစ်ထားရင် ဗောက်ထပြီး ယားတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဆံသားမပျက်စီးရအောင် ဆောင်းရာသီမှာ ဆံကေသာကို ဂရုတစိုက်လုပ်ပေးရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ပုံမှန် တစ်ခါတစ်ခါ (သို့) ၅ ရက်တစ်ခါ ခေါင်းလျှော်ပါ

ဆောင်းတွင်းချမ်းလို့ဆိုပြီး ခေါင်းမလျှော်ပဲနေရင် ဗောက်ထပြီး ခေါင်းယားတာမျိုး၊ ဆံပင်ကျွတ်တာမျိုးတွေ ပိုဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ပုံမှန် တစ်ခါတစ်ခါ (သို့) ၅ ရက်တစ်ခါတော့ ခေါင်းလျှော်ပေးပါ။

Conditioner သုံးပါ

ခေါင်းလျှော်ပြီးတိုင်းမှာ ဆံသားပျော့ဆင်းပြီး၊ ဆံသားညှိုတာတွေ သက်သာစေဖို့အတွက် ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးပါ။ Conditioner ပြောင်ဖို့ဆိုရင် ဆံပင်ကို ရေတော်တော်လောင်းရတာဖြစ်လို့ ဆံပင်အောက်ပိုင်းတွေကိုပဲ သုံးပေးပါ။ ဦးရေပြားကို မထိပါစေနဲ့။ Conditioner ဦးရေပြားကိုထိပြီး ပြောင်အောင်မဆေးရင် ဗောက်ထပြီး ဆံပင်ကျွတ်စေလို့ပါ။

ဆံပင်ရေစိုနဲ့အပြင်မထွက်ပါနဲ့

ဆောင်းတွင်းမှာ ခေါင်းလျှော်ရင် ဆံပင်ကို သေချာသုတ်ပါ။ သေချာ Towel နဲ့ သုတ်ပြီးမှ Dryer မှုတ်ပါ။ ဆံပင်မခြောက်သေးပဲ၊ ဆံပင်ရေစိုနဲ့ အပြင်မထွက်ပါနဲ့။ အအေးမိနှာဆေးတာတွေ ဖြစ်တတ်ပါတယ်။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ဆောင်းတွင်းအေးလို့ဆိုပြီး ရေနွေးနဲ့ ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့။ အပူငုပ်စေသလို၊ ရေပူနဲ့ခေါင်းလျှော်တာက ဆံပင်ကျွတ်စေပါတယ်။ ဆံသားအဆီဓာတ်လည်း ကုန်ဆုံးစေပါတယ်။

Hair Oil တစ်ခုခုလိမ်းပေးဖို့မမေ့ပါနဲ့

ဆံသားကျန်းမာချင်ရင်တော့ Hair Oil သုံးပေးဖို့ လိုပါတယ်။ ဆောင်းတွင်းဆို ဆံသားခြောက်ပြီး ဖွာတာက ပိုဖြစ်တဲ့အတွက် Hair Oil တစ်ခုခု သုံးကိုသုံးရပါမယ်။

ဆံပင်ပေါင်းတင်ပေးပါ

တစ်ပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်လောက် ဆံပင်ပေါင်းတင်ပေး၊ Hair Mask လုပ်ပေးပါ။ ဆံသားခြောက်ပြီးဖွာတာ၊ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားပျက်စီးနေတာတွေအတွက်တော့ ဆံပင်ပေါင်းတင်ပေးတာ အကောင်းဆုံးပါ။

photo source: www.freepik.com