ဆောင်းရာသီမှာ ဆံသားပိုပျက်စီးတာမျိုးတွေ ဖြစ်လေ့ရှိတာကြောင့် မိန်းကလေးတိုင်းသိထားသင့်တဲ့ ဆောင်းရာသီအတွက် ဆံသားထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဗောက်ပြဿနာ

ဆောင်းရာသီမှာ ဗောက်အရမ်းထပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ ဗောက်အတွက်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးသုံးပေးပါ။ ၅ ရက်တစ်ခါလောက်တော့ ပုံမှန်ခေါင်းလျှော်ပေးပါ။ ခေါင်းမလျှော်တာကြာရင်လည်း ချက်ချင်းဗောက်ထလာမှာပါ။

Hair Oil ပုံမှန်လိမ်းပါ

ဆောင်းရာသီမှာ ဆံသားခြောက်ပြီး ဖွာတာမျိုး၊ ဆံသားကျွတ်ဆတ်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်း ဆံသားကို Hair Oil လိမ်းပေးပါ။ ဆောင်းတွင်းမှာ ဦးရေပြားခြောက်တော့ ဗောက်ထလွယ်ပါတယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို Hair Oil လိမ်းပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။

Conditioner သုံးဖို့မမေ့ပါနဲ့

ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှ ခေါင်းလျှော်ပြီးရင် ဆံသားသိပ်သိပ်လေးဖြစ်ပြီး ဖွာနေတာမျိုး၊ ဆံသားခြောက်သွေ့နေတာမျိုးတွေ မဖြစ်မှာပါ။ Conditioner သုံးတဲ့အခါမှာ ဦးရေပြားကိုမသုံးပါနဲ့။ ဦးရေပြားကိုသုံးရင် သေချာမပြောင်တဲ့အခါကျ ဗောက်ထတတ်ပါတယ်။

တစ်ပတ်တစ်ခါဆံပင်ပေါင်းတင်ပါ

ဆောင်းရာသီမှာ ဆံသားပျက်စီးခြောက်သွေ့တာမျိုးတွေ မဖြစ်စေဖို့အတွက် တစ်ပတ်တစ်ခါ ဆံပင်ပေါင်းတင်တာမျိုး၊ အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ Hair Mask လုပ်တာမျိုးတွေနဲ့ ပုံမှန် Hair Care လုပ်ပေးပါ။

ရေနွေးနဲ့ခေါင်းလျှော်တာကိုရှောင်ပါ

ဆောင်းရာသီမှာ အေးလို့ဆိုပြီး ရေနွေးနဲ့ခေါင်းလျှော်တာက ဆံသားပျက်စီးစေပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့တာ၊ ဆံပင်နှစ်ခွဖြစ်ပြီး ဖွာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မလွဲှမရှောင်သာတဲ့ အခြေအနေမျိုးကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ရေနွေးနဲ့ ခေါင်းမလျှော်သင့်ပါဘူး။ လျှော်မယ်ဆိုရင်လည်း အပူကိုလျှော့သုံးပါ။