တည်ငြိမ်ပြီး အေးအေးဆေးဆေး နေတတ်တဲ့ မိန်းကလေးတွေက တစ်ယောက်တည်းနေရတာ ကြိုက်ပြီး လူအာရုံစိုက်တာ မခံချင်သူတွေ ဖြစ်ပါတယ်။ အရောင်ဆိုရင်လည်း တောက်တောက်ကြီးတွေထက် ခပ်မှိန်မှိန်လေးတွေကို သဘောကျပါတယ်။ ဒီလိုမိန်းကလေးတွေကို ကိုယ်စားပြုတဲ့ ရာသီက အေးချမ်းတဲ့ ဆောင်းရာသီပဲ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ ဆောင်းရာသီ ဖက်ရှင်တွေက ခပ်ထူထူကြီးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဝတ်နိုင်တာမို့ ခပ်ရှုပ်ရှုပ် ဖက်ရှင်တွေ မကြိုက်တဲ့ သင်နဲ့ လိုက်ဖက်နေမှာပါ။

အထဲက အဖြူအင်္ကျီခံပြီး ဆွယ်တာထပ်ဝတ်တာက သင့်ကို ရိုးရိုးလေးနဲ့ လှနေစေမှာပါ။

ရုံးတက်ရတဲ့ မိန်းကလေးတွေအတွက် မရှိမဖြစ်ကတော့ Blazer Coat ပါပဲ။ Blazer က ဆောင်းရာသီနဲ့လည်း လိုက်ဖက်ပြီး သင့်ကို ရင့်ကျက်တဲ့အသွင်ဆောင်စေပါတယ်။

Coat အရှည်တွေက သင့်ကို လူငယ်ဆန်ဆန်နဲ့ လှနေစေပြီး က္ကနြေဒကြီးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ဆွယ်တာနဲ့ စကပ်ရှည် Outfit က ရာသီဥတု မအေးလွန်းမပူလွန်းတဲ့ အချိန်နဲ့ အလိုက်ဖက်ဆုံးပါပဲ။ သင့်ကိုလည်း နဂိုထက် မိန်းကလေးဆန်ဆန် လှနေစေမှာပါ။

အထဲကော်လံနဲ့ ကွက်ကြားဆွယ်တာတွေက သင့်ကို လူကြီးဆန်ဆန် ကျက်သရေရှိစေမှာပါ။

ဝတ်စကုပ်နဲ့ အင်္ကျီအထဲခံဝတ်တာက ဆောင်းရာသီကို ကိုယ်စားပြုပြီး သင့်ကိုလည်း အထာကျကျ လှနေစေပါတယ်။

ဆွယ်တာတစ်ထည်တည်းကို ဘောင်းဘီနဲ့ တွဲဝတ်တာကလည်း သင့်ကို ရိုးရိုးရှင်းရှင်းနဲ့ အလှဆုံး ဖြစ်နေစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar