ဆားဝက်ခြံတွေက လူတိုင်းလိုလိုမှာ ရှိပါတယ်။ ဒီဆားဝက်ခြံတွေကို ဖယ်ရှားဖို့ ဆားဝက်ခြံကပ်ခွာတွေ သုံးလို့လည်းရသလို၊ Blackhead skincare တွေသုံးပြီးတော့လည်း ဖယ်ရှားနိုင်ပါတယ်။ ဒီနေရာမှာ အကုန်အကျနည်းပြီး ထိရောက်တာကို သဘောကျတဲ့သူတွေအတွက်ကတော့ Vaseline ရှိပါတယ်။ ဒါကြောင့်လည်း Vaseline နဲ့ Cleansing Oil ကိုသုံးပြီး ဆားဝက်ခြံတွေကို သေချာဖယ်ရှားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ဂွမ်းတံနဲ့ Vaseline ကိုယူပြီး ဆားဝက်ခြံအများဆုံးထွက်တဲ့ နှာခေါင်းမှာ သုတ်လိမ်းပါ။

သုတ်လိမ်းပြီးရင် သန့်ရှင်းတဲ့ Plastic wrap နဲ့ ကပ်ပြီး အုပ်ထားပါ။

ရေနွေးနဲ့ပေါင်းထားတဲ့ Towel နဲ့ အုပ်ထားတဲ့ နှာခေါင်းနေရာမှာ စက္ကန့် ၃၀ လောက် ကပ်ပေးပါ။

အချိန်ပြည့်ရင် အုပ်ထားတဲ့ Plastic wrap ကိုခွာပြီး ဂွမ်းတံနဲ့ Vaseline ကို ဖယ်လိုက်ပါ။

ပြီးရင် Cleansing Oil နဲ့ နှာခေါင်းကို ပွတ်ပါ။ ပြီးရင် ရေနဲ့ ပွတ်ပြီးဆေးချလိုက်ပါ။

မျက်နှာသစ်ဆေးနဲ့ နှာခေါင်းကို ထပ်ပွတ်ပြီး မျက်နှာပွတ်တဲ့ silicon brush နဲ့ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့စင်အောင် သစ်ပါ။

အားလုံးပြီးရင်တော့ တိုနာပြန်လိမ်းပေးပါ။

တစ်ပတ်တစ်ခါ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ ဆားဝက်ခြံတွေကို သေချာဖယ်ရှားနိုင်မှာပါ။

Source: www.misojeong