ကိုယ့်ချစ်သူက ကိုယ့်ကို ရုတ်တရက်ကြီး လျစ်လျူရှုနေပါသလား။ ဘာ့ကြောင့် ကိုယ့်ကို ရုတ်တရက်လျစ်လျူရှုနေသလဲဆိုတာကို စဉ်းစားရကြပ်နေပါသလား။ သင် အမှားတစ်စုံတစ်ရာ လုပ်မိလိုက်လို့လား။

သူက လျစ်လျူရှုတယ်ဆိုတိုင်းလည်း ကိုယ့်အမှားကြောင့် မဟုတ်ပါဘူး။ သူဟာ တစ်စုံတစ်ရာကို စိတ်ဆိုးနေတာဖြစ်နိုင်သလို၊ အခြားသော စဉ်းစားစရာအကြောင်းကိစ္စများ ရှိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကို ဘာ့ကြောင့် လျစ်လျူရှုလိုက်သလဲဆိုတဲ့ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာများကတော့ …

သင့်ရဲ့အရေးပေးမှုကို လိုချင်လို့

သူက သင့်ကို လျစ်လျူရှုနေပေမယ့် တကယ်တမ်းမှာတော့ သင့်ဆီက အာရုံစိုက်ခံရမှုကို လိုချင်တာဖြစ်ပါတယ်။ သင့်ဆီက Attention ပေးတာကို လိုချင်တဲ့အတွက်ကြောင့် သင် သတိထားမိအောင် သင့်ကို လျစ်လျူရှုနေရခြင်းဖြစ်ပါတယ်။

သင့်အပြုအမူကြောင့်

သင် ပြောလိုက်တဲ့အကြောင်းအရာတစ်ခုခု (သို့) သင့်ရဲ့အပြုအမူတစ်ခုခုကြောင့် စိတ်ဆိုးပြီး လျစ်လျူရှုလိုက်တာလည်းဖြစ်နိုင်ပါတယ်။ သင် ဘာအမှားပြုလုပ်မိသလဲဆိုတာ သေချာပြန်စဉ်းစားကြည့်လိုက်ပါဦး။

သင့်ကို စိတ်မဝင်စားတော့လို့

သင် ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး။ မက်ဆေ့ချ်ပို့ရင်လည်း ပြန်ချင်မှ ပြန်တယ်။ သင်နဲ့ ဒိတ်လုပ်ဖို့ကိုလည်း အကြောင်းပြချက်တစ်ခုပြီးတစ်ခုပေးပြီး ရှောင်နေပါသလား။

ထိုအခြေအနေမျိုးကြုံတွေ့ရပါက သူ့ကို ပွင့်ပွင့်လင်းလင်းသာ မေးမြန်ပြီး လမ်းခွဲသင့် လမ်းခွဲလိုက်ပါ။ ကိုယ့်ကို စိတ်မဝင်စားတော့၊ မချစ်တော့တဲ့သူတစ်ယောက်ကို ဘာ့ကြောင့် အချိန်ပေးနေဦးမှာလဲ။

ခက်ခဲကြမ်းတမ်းတဲ့အခြေအနေများကို ရင်ဆိုင်နေရလို့

အချို့သူတွေက ပွင့်ပွင့်လင်းလင်းမရှိတတ်ကြဘဲ ပြဿနာတစ်စုံတစ်ရာကြုံတွေ့ရပါက တစ်ယောက်တည်း ကြိတ်ဖြေရှင်းတတ်တဲ့အကျင့်ရှိကြပါတယ်။ သူ ကြုံတွေ့နေရတဲ့ မိသားစုပြဿနာ၊ စီးပွားရေးအခက်အခဲများစွာကို သင့်ကို ပေးမသိဘဲ သူတစ်ယောက်တည်း ဖြေရှင်းနေရတဲ့အခါမျိုးမှာ သင့်ကို မတော်တဆလျစ်လျူရှုမိတာမျိုး ဖြစ်တတ်ပါတယ်။

သူတစ်ယောက်တည်း ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများကို ရင်ဆိုင်ကြုံတွေ့နေရပါက သင်ဟာ သူအတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရပ်တည်ပေးပြီး သူ့အတွက် အားဆေးတစ်ခွက်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။