သင်က မနက်ပိုင်း မထချင်သူ ဒါမှမဟုတ် ထလိုက်ရင်လည်း မကြည်မသာ နဲ့ လန်းလန်းဆန်းဆန်း မရှိဘူး ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင်က ကိုယ့်ကိုကိုယ် ချစ်တဲ့သူ တစ်ယောက်ဆိုရင် ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်နေလဲ အမြဲဆန်းစစ်နေသင့်ပါတယ်။ သင် မနက်နိုးတိုင်း ဘာလို့မလန်းဆန်းလဲ ကိုယ့်ကိုကိုယ် ပြန်တွေးသင့်ပါတယ်။ ဒီတော့အောက်ဖော်ပြပါ အချက်တွေထဲ ကိုယ့်မှာ ဘယ်အချက်ဖြစ်နေလဲ တွေးကြည့်ပြီး သိနိုင်အောင် ကြည့်လိုက်ရအောင်နော်-

၁။ စားသောက်ချိန်မမှန်တာ

သင်က အိပ်ခါနီးမှ အစားအသောက်တွေ ပိုစားမိတယ်ဆိုရင် မနက်နိုးတဲ့ အချိန် ပေါ့ပေါ့ပါးပါး မရှိဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီခြားပြီး နောက်ဆုံး စားသင့်ပါတယ်။

၂။ အိပ်ခါနီး ဖုန်းသုံးမိလို့

အိပ်ရမယ့် အချိန် မအိပ်ဘဲ ဖုန်းသုံးတဲ့အလေ့အထကို လူငယ်တွေကြား အတွေ့များလာပါတယ်။ အိပ်ခါနီး ဖုန်းသုံးတဲ့အခါ ဖုန်းထဲက အလင်းရောင်က သင့်ကို အိပ်မပျော်ဖြစ်စေပြီး မနက် နိုးတဲ့အချိန် မလန်းမဆန်းဖြစ်စေပါတယ်။

၃။ ရေသောက်နည်းလို့

သင်က ရေသောက်နည်းတဲ့အခါ မနက်နိုးရင် အားအင်ကုန်ခန်းနေတတ်ပါတယ်။ ဒါကြောင့် နိးတာနဲ့ ရေသောက်ပေးတာက အသင့်တော်ဆုံးပါပဲ။

၄။ ကဖင်းဓာတ်

သင်က ကော်ဖီကြိုက်တတ်တဲ့ သူဆိုရင် သောက်တဲ့ပမာဏကို သတိထားသင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲ ကဖင်းဓာတ် ပမာဏ များနေတဲ့အခါ အိပ်ယာထတဲ့အချိန် မလန်းမဆန်းဖြစ်တတ်ပါတယ်။

၅။ Snooze Button

Photo Source: Pure-Healthy-Living

လူတိုင်းနီးပါး Alarm မြည်ရင် မထဘဲ Snooze Button နှိပ်တတ်ကြပါတယ်။ ပြန်အိပ်တဲ့အချိန် Sleep Cycle ထဲ ပြန်ဝင်သွားတာကြောင့် Cycle မပြည့်တော့ဘဲ ပြန်ထတဲ့အခါ ခေါင်းမကြည်တော့ပါဘူး။

၆။ တီးလုံး

Photo Source: FirstCry-Parenting

တချို့တွေက အိပ်တဲ့အချိန် သီချင်းနားထောင်ပြီး အိပ်တတ်ပါတယ်။ သီချင်းသံ ကျယ်တာ၊ အသံဆူးတာတွေကိုနားထောင်မိရင်တော့ သင်နိုးတဲ့အချိန် စိတ်လန်းဆန်းမှာ မဟုတ်ပါဘူး။

၇။ အရက်ကြောင့်

ဒါက ယောကျာ်းလေးတွေနဲ့ ပိုဆိုင်ပါတယ်။ အရက်သောက်တာများပြီး နောက်နေ့ ခေါင်းကိုက်တတ်တာကိုသောက်ဖူးသူတိုင်း သိပါတယ်။ ဒါကြောင့် သင်က နိုးတိုင်း စိတ်မကြည်ဖြစ်တတ်ရင် ကိုယ်က Alcohol Intake များတဲ့သူလား စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar