သင်က Single ဖြစ်နေလို့ ဒီအတွက် စိတ်မကောင်းဖြစ်စရာ မလိုပါဘူး။ အထီးကျန်စရာလည်း မလိုပါဘူး။ အခုဖော်ပြထားတဲ့ အကြောင်းပြချက်တွေကြောင့် သင့်ရဲ့ Single Life ကို ပိုပြီး တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဒီတော့ အကြောင်းပြချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ Wrong Person နဲ့ တွေ့မှာထက် Single ဖြစ်ရတာ ပိုကောင်းပါတယ်

ရည်းစားထားတိုင်း ပျော်ရတာ မဟုတ်ပါဘူး။ Single ဘဝ ပိုင်ဆိုင်ထားခြင်းက ကိုယ့်အတွက် မှန်ကန်တဲ့ Mr. Right ကို တွေ့ဖို့ စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပါတယ်။

၂။ သူငယ်ချင်းအတွက် အချိန်ရှိတယ်

တစ်ကိုယ်တည်း သမားမို့ သင့်အခင်ဆုံးတွေကို လျစ်လျူရှုစရာ မလိုတော့ပါဘူး။ ကိုယ်ခင်ရတဲ့ သူတွေအတွက် သင်အားနေသရွေ့ အဖော်ပြုပေးနိုင်ပါတယ်။

၃။ ကိုယ့်အလုပ်ကိုယ် သေချာ အာရုံစိုက်နိုင်တယ်

သင့်ဘဝလမ်းကြောင်းမှာ မအောင်မြင်ချင်ဘူးလား။ ဒီအတွက် Single တွေက ဘယ်သူ့ကိုမှ အချိန်ပေးစရာမလိုဘဲ ကိုယ့်ဘဝကိုယ် တစ်စိုက်မတ်မတ် အာရုံစိုက်နိုင်ပါတယ်။ ရည်းစားဆိုတာက ဒုတိယ နေရာမှာ ထားနိုင်ပါတယ်။

၄။ ငြင်းပယ်ခြင်း

သင့်အပေါ်မှာ ချစ်ရေးဆိုဖူးတဲ့ သူတွေ ရှိဖူးမှာပါ။ သင်အကြိုက်မတွေ့တာကြောင့် ငြင်းပယ်လိုက်ခြင်းဟာ သင်သဘောကျသူအတွက် လူလွတ်အနေနဲ့ လွတ်လွတ်လပ်လပ် တံခါးဖွင့်ထားခြင်းပါပဲ။

၅။ သင့်ဘဝ ပိုတိုးတက်နိုင်တယ်

Single ဘဝ ပိုင်ဆိုင်ထားတဲ့ သင်က ပိုသန်မာ နိုင်ပါတယ်။ ပိုကြိုးစားနိုင်ပြီး ပိုရင့်ကျက်လာနိုင်ပါတယ်။

၆။ ပျော်နိုင်ပါတယ်

ရည်းစားရှိမှ ပျော်ရတာ မဟုတ်ပါဘူး။ ရည်းစားထားသလိုပဲ သင်လည်း တစ်ယောက်တည်း ပျော်ပျော်နေနိုင်ပါတယ်။

၇။ ချိန်းတွေ့ရတာက ပင်ပန်းပါတယ်

တစ်ခါတလေ ရည်းစားတစ်ယောက်ရဖို့ တွေ့ဆုံမှု Dating တွေက သင့်ကို ပိုပင်ပန်းစေပါတယ်။ သင်အကြိုက်မတွေ့နိုင်သေးတဲ့ ယောက်ျားလေးတွေနဲ့ စကားပြောရတာကိုက သင့်အတွက် အချိန်ကုန်တာပါပဲ။ ဒီတော့ Single ဘဝက ပျော်ဖို့ ကောင်းပါတယ်။

Photo Source: Pinterest

by MyStyle Myanmar