အခုဖော်ပြထားတဲ့ အကြောင်းအရာက ကိုယ်တွဲဖူးသမျှ ရည်းစားဟောင်းတိုင်းနဲ့ သူငယ်ချင်းလို ဆက်နေပါလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ သူငယ်ချင်းအနေနဲ့တောင် မဟုတ်ဘဲ မြင်ကိုမမြင်ချင်လောက်အောင် မုန်းရတဲ့ ရည်းစားဟောင်းတွေ ရှိသလို သင့်အပေါ် ကောင်းပြီး အေးအေးဆေးဆေး လမ်းခွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေလည်း ရှိမှာပါ။ သင့်ရည်းစားဟောင်းက လူကောင်းတစ်ယောက်ဆိုရင် သင်ကိုယ်တိုင်လည်း သူနဲ့ အဆက်အသွယ် ပြတ်ချင်မှာ မဟုတ်ပါဘူး။

ဒီတစ်ခေါက်မှာတော့ ဒီလို ရည်းစားဟောင်း လူကောင်းတွေနဲ့ သူငယ်ချင်းအဖြစ် ဆက်နေသင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပါရစေ။

၁။ တစ်ယောက်ဘဝအတွက် တစ်ယောက် အရေးပါခဲ့ဖူးလို့

တွဲတဲ့ သက်တမ်းဘယ်လောက်ပဲ ရှိခဲ့ပါစေ တချို့ ပတ်သတ်ခဲ့ဖူးသူတွေက သင့်ဘဝကို နက်ရှိုင်းစွာ သက်ရောက်ခဲ့ဖူးသူတွေ ဖြစ်နိုင်ပါတယ်။

၂။ သင့်ရည်းစားက လူကောင်းမို့လို့

အပေါ်မှာ ပြောခဲ့သလို သင့်ရည်းစားဟောင်းက သင့်အပေါ်မှာ ဂရုစိုက်သူဆိုရင် သူငယ်ချင်းအဖြစ် ဆက်နေလည်း ဘာမှမဖြစ်ပါဘူး။

၃။ အရင်က သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးရင်

သူငယ်ချင်းအဖြစ်ကနေ ချစ်သူ ဖြစ်လာသူတွေအနေနဲ့ Friendship သံယောဇဉ်မပြတ်သွားအောင် သူငယ်ချင်းအနေနဲ့ပဲ ဆက်နေသင့်ပါတယ်။

၄။ ချစ်တာနဲ့ ကြိုက်တာ မတူပါဘူး

လူတစ်ယောက်ကို ကြိုက်ခဲ့ဖူးရုံနဲ့ တွဲခဲ့ဖူးရင် သင်က သူနဲ့ သူငယ်ချင်း ဆက်ဖြစ်နိုင်ပါတယ်။

၅။ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်

သင်က သင့်ရည်းစားဟောင်းနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်တယ်လို့ စိတ်ထဲကနေ ယုံကြည်ထားရင် သူငယ်ချင်းအဖြစ် ဆက်နေနိုင်ပါတယ်။

၆။ ချစ်သူသံယောဇဉ်ကနေ သူငယ်ချင်း သံယောဇဉ်အနေနဲ့ ဖြစ်သွားနိုင်တယ်

သင်တို့ နှစ်ဦးက တွဲနေရင်းတောင် သူငယ်ချင်းတွေလို နေလေ့ရှိတယ်ဆိုရင် ပြတ်သွားရင်လည်း သူငယ်ချင်းဆက်ဖြစ်နိုင်ပါတယ်။

၇။ တိလေးတွေ အတူတူ မွေးထားရင်

သင်က ရည်းစားဟောင်းနဲ့ သူငယ်ချင်း ဆက်ဖြစ်သင့်တဲ့ အကြောင်းအရင်းတစ်ခုကတော့ သင်တို့နှစ်ယောက်ကြားမှာ သံယောဇဉ်အပိုလေးတွေ ရှိနေနိုင်လို့ပါ။

၈။ သင့်ဟာသတွေကို နားလည်နိုင်သူ

သင့် ရည်းစားဟောင်းကပဲ သင့် ဟာသတွေ၊ စကားဝှက်တွေကို နားလည်နေရင် သူငယ်ချင်းအနေနဲ့ ဆက်နေသင့်ပါတယ်။

၉။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိရင်

တစ်ဦးအကြောင်း တစ်ဦး အသေးစိတ် သိနေသူတွေအနေနဲ့ သူငယ်ချင်း အဖြစ် ဆက်ဖြစ်နိုင်ပါတယ်။

၁၀။ တစ်ခါတလေ လုံးဝ လက်မလွှတ်နိုင်တာမို့ပါ

သင့်ရည်းစားဟောင်းက သင့်ကို ပျော်အောင် ထားတတ်သူဆိုရင် သင်က သူ့ကို မချစ်တော့ရင်တောင် သူငယ်ချင်းအဖြစ် ဆက်နေဖို့ အကြောင်းပြချက် ကောင်း တစ်ခုပါပဲ။

၁၁။ အသိမိတ်ဆွေတွေကြောင့်

အသိမိတ်ဆွေတွေက တစ်ယောက်နဲ့ တစ်ယောက် တူညီနေတယ်ဆိုရင် သူငယ်ချင်းအဖြစ် ဆက်နေဖို့ လိုအပ်လာမှာပါ။

၁၂။ ရှေ့လျှောက် အချစ်ရေးအတွက် အပြန်အလှန် အကြံပေးနိုင်တယ်

သင်က သင့်ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ် ဆက်နေမယ်ဆိုရင် သင်တို့ နှစ်ဦး ရှေ့လျှောက်ကြုံလာရမယ့် အချစ်ရေးတွေမှာ အပြန်အလှန် အကြံပေးနိုင်ပါတယ်။

အပေါ်က အချက်အားလုံးက သင့်အနေနဲ့ ရည်းစားဟောင်းအပေါ် ဘယ်လို မျှော်လင့်ချက်မှ မထားတော့မှ လုပ်နိုင်မယ့် အကြောင်းပြချက်တွေပါ။ သင်က ရည်းစားဟောင်းနဲ့ ပြန်အဆင်ပြေချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူငယ်ချင်းအနေနဲ့ ဆက်နေတာဆိုရင်တော့ လုံးဝ မလုပ်သင့်ပါဘူး။ သင်ပဲ အဆုံးသတ်မှာ နာကျင်ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar