တချို့က အလုပ်လုပ်ရင် နားနားပြီးလုပ်ပေမယ့် တချို့ကျတော့ အလုပ်မပြီးမချင်း တစ်ထိုင်ထဲ အချိန်အကြာကြီး လုပ်တတ်ပါတယ်။ ဒီလို အချိန်အကြာကြီး အလုပ်ထိုင်လုပ်တာကို ဆင်ခြင်သင့်ပါတယ်။ ဘာကြောင့် အချိန်အကြာကြီး အလုပ်ထိုင်မလုပ်သင့်လဲဆိုတာကိုလည်း ပြောပြပေးလိုက်ပါတယ်။

စဉ်းစားနိုင်စွမ်းလျော့ကျခြင်း

လူတစ်ယောက်က တစ်ထိုင်ထဲမှာ အချိန်အကြာကြီး ဆက်တိုက်အလုပ်လုပ်နေရင် စဉ်းစားနိုင်စွမ်းတွေ၊ အိုင်ဒီယာတွေ၊ ဉာဏ်ရည်ထုတ်လွှတ်မှုတွေ လျော့ကျစေပါတယ်။ ဒါကြောင့် ကြားထဲမှာ အချိန်ခဏနားပြီးမှ အလုပ်ဆက်လုပ်သင့်ပါတယ်။

ကျန်းမာရေးထိခိုက်စေခြင်း

အထူးသဖြင့် ကွန်ပြူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေက အချိန်အကြာကြီး အလုပ်ထိုင်လုပ်နေရင် ကြာလာတဲ့အခါမှာ အိပ်ရေးပျက်တာ၊ ပင်ပန်းတာ၊ စိတ်ဖိစီးမှု stress ပိတာ၊ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ဇာတ်ကြောတက်တာ၊ အာရုံကြောအားနည်းတာ စတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Social life လျော့နည်းလာခြင်း

တစ်နေကုန်၊ တစ်ချိန်လုံး အလုပ်ပဲထိုင်လုပ်နေရတဲ့အတွက် မိသားစု၊ ရည်းစားနဲ့ သူငယ်ချင်းတွေအပေါ်မှာလည်း အချိန်မပေးနိုင်တော့သလို ကိုယ်တိုင်လည်း အပြင်သွားလာနေချိန် ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ Social life က တစ်ဖြေးဖြေးလျော့နည်းလာပါတယ်။

ဝိတ်တက်လာခြင်း

တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်နေရင် ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိတဲ့အတွက် ကြာလာရင် အဆီတွေစုပြီး ဝိတ်တက်လာမယ်၊ ဝလာပါလိမ့်မယ်။ ဒါကြောင့် ကြားထဲမှာ နားချိန်ပေးပြီး လမ်းလျှောက်တာ၊ အကြောဆန့်တာ လုပ်ပေးပါ။ လေ့ကျင့်ခန်း ခဏလုပ်ပေးပါ။

စိတ်ဆတ်လာခြင်း

တစ်ချိန်လုံး၊ တစ်နေကုန် အလုပ်လုပ်နေရတဲ့အတွက် ကြာလာတဲ့အခါမှာ ခေါင်းမကြည်တော့ပါဘူး။ အာရုံနောက်လာမယ်၊ စိတ်ရှုပ်လာပါမယ်။ ဒီလိုအချိန်မှာ ဘယ်အရာကိုမှ စိတ်မကြည်တော့သလို စိတ်လည်းမရှည်တော့ပါဘူး။ တစ်ခုခုဆို ဒေါသထွက်လွယ်လာပါလိမ့်မယ်။

photo source:www.freepik.com