ချစ်သူနဲ့ပြတ်သွားလို့ပဲဖြစ်ဖြစ် အစကတည်းက ချစ်သူရည်းစားမထားတဲ့သူတွေပဲဖြစ်ဖြစ် Single အဖြစ် ဘာလို့ နေကြည့်သင့်သလဲဆိုတာကို မျှဝေပေးသွားပါမယ်။ ချစ်သူရည်စားမထားခင် အနည်းဆုံး Single အဖြစ် တစ်နှစ်လောက်တော့ နေကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့—-

ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ နဲ့ ပိုနားလည်ဖို့

တစ်ယောက်တည်း Single အဖြစ်နေတာဟာ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို သိရပါတယ်။ တခြားသူတွေဆီက သင်ဘာမှမမျှော်လင့်သေးခင် တခြားသူဆီက သင့်ကို တစ်ခုခုကို ဖြည့်စွက်ပေးဖို့ မတောင်းဆိုခင်မှာ ကိုယ့်ကိုကိုယ်ချစ်တယ်ဆို ဘာလဲလို့ အရမ်စမ်းသပ်ကြည့်သင့်ပါတယ်။

ရုံးပိတ်ရက်မှာ ချစ်သူနဲ့ဘာလုပ်မယ်ဆိုတာကို စဉ်းစားစရာမလိုသလို ချစ်သူက ဒီနေ့ညနေ ဘာများလုပ်ချင်မလဲမသိဘူးဆိုတဲ့ အတွေးတွေလည်း တွေးစရာမလိုပါဘူး။

ကိုယ့်မှာ ပိုက်ဆံရှိရင် ခရီးတွေသွားပါ။ အချစ်ဆိုတာ အဆင်သင့်ဖြစ်ပေါ်မလာသေးခင် ကိုယ့်ကိုကိုယ် ဘာလဲဆိုတာ နားလည်ဖို့ အရမ်းကိုအရေးကြီးပါပဲ။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ။ အရမ်း သဝန်တိုတတ်တဲ့သူလား။ ဒါမှမဟုတ် သည်းခံတတ်တဲ့သူလား။ ကိုယ်ဟာ ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ။

ပြီးတော့ ကိုယ့်ကိုကိုယ်ချစ်တာနဲ့ တကိုယ်ကောင်းဆန်တာနဲ့မတူပါဘူး။ သင်ဟာ Single ဖြစ်နေတဲ့အတွက် တခြားသူရဲ့ လိုအင်ဆန္ဒအတွက် တာဝန်ယူမှုတွေ ဝမ်းနည်းကြေကွဲမှုအတွက် နားခိုစရာ ရင်ခွင်တွေ ပေးစရာလိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ သင် တစ်ကိုယ်ကောင်းဆန်တယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ သင်ဟာ ကိုယ့်ကိုကိုယ်ချစ်တယ်လို့ဆိုလိုတာပါ။ Single ဖြစ်နေတဲ့ သင်ဟာ လွတ်လပ်ပါတယ်။

ချစ်သူထားဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ချိန်ရတယ်။

Relationship တစ်ခုကို တည်ဆောက်တဲ့အခါ ဝါသနာတွေ၊ ကိုယ့်ရဲ့ ပုံစံတွေနဲ့ သူ့ရဲ့ပုံစံ၊ ကိုယ့်စရိုက်နဲ့ သူ့စရိုက်ဟာ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ မတူညီမှုတွေအများကြီးကို ညှိနှိုင်းကြရဦးမှာပါ။ ဒါ့ကြောင့် အဲဒီလိုကြုံလာရမယ့် ပြဿနာတွေကို ရင်ဆိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်အားမွေးထားသင့်ပါတယ်။ ချစ်သူနှစ်ဦး ဆက်ဆံရေးဖြစ်လာရင် သင့်ကို ထိခိုက်စရာ၊ စိတ်နာကျင်စရာတွေ၊ ဝမ်းနည်းစရာတွေလည်း ကြုံရမှာမို့ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ငယ်ငယ်လေးနဲ့ ချစ်သူရည်းစားထားရင် ပိုပြီး Emotion များကြတယ်၊ ဒရမ်မာများကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ အပြည့်အ၀ နားလည်မှုမရှိလို့ပါပဲ။

Single အဖြစ်ကို ဂုဏ်ယူပျော်ရွှင်လိုက်ပါ။

နောက်ပိုင်း ချစ်သူရလာတဲ့အခါ သင့်ရဲ့ Single ဘ၀ ကို ပြန်မရတော့ပါဘူး။ ချစ်သူရသွားပြီးမှ ဘဝဟာ ပိုပြီး ပြည့်စုံလာတာလည်း ဖြစ်နိုင်သလို ပျော်ရွှင်မှု ဝမ်းနည်းမှု စတဲ့ ရသပေါင်းစုံလည်း ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် Single ဘဝကို အပြည့်အ၀ ခံစားလိုက်ရအောင်။