Single ကောင်မလေးတွေအတွက်တော့ ဒါကသတင်းကောင်းပါပဲ။ ဒီတစ်ခေါက်မှာတော့ MyStyle Myanmar ပရိတ်သတ်တွေအတွက် အသက် ၃၀ မတိုင်ခင် ဘာလို့အိမ်ထောင်မပြုသင့်လဲဆိုတဲ့အကြောင်းကို သက်သေသာဓကတွေနဲ့ ပြောပြသွားမှာပါ။

ဒီအကြောင်းကို ထင်ထင်ရှားရှားသိသာသွားစေဖို့ မင်းသားကြီး Tom Hanks ရဲ့ အတွေ့အကြုံတွေနဲ့ ပြောပြသွားမှာဖြစ်ပါတယ်။ Tom Hanks ကိုတော့ “Forrest Gump” ဇာတ်လမ်းနဲ့ မြန်မာပရိတ်သတ်တွေသိကြမှာပါ။ ဟောလိဝုဒ်လောကမှာ မင်းသားမင်းသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ကွာရှင်းပြတ်စဲနေကြတဲ့အချိန်မှာတောင် Tom Hanks ဟာ အချစ်ဆုံးဇနီး မင်းသမီး Rita Wilson နဲ့ ၃၁ နှစ်ကြာ ရွှေလက်တွဲနေခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အချိန်ကြာလာတာနဲ့အမျှ ပိုတိုးလာတယ်ဆိုတာ Tom Hanks ရဲ့ ပြောစကားတွေကနေ ထင်ဟပ်နေပါတယ်။ ပျိုမေတို့ ဘာကြောင့် အသက် ၃၀ မတိုင်ခင် အိမ်ထောင်မပြုသင့်လဲ Tom Hanks ရဲ့ အမြင်ကနေ ကြည့်လိုက်ရအောင်နော်။

၁။ အသက် (၃၀) မတိုင်မှီ အိမ်ထောင်မပြုပါနဲ့

Tom Hanks နဲ့ Rita Wilson က ၁၉၈၅ ခုနှစ်မှာ “Volunteers” ဆိုတဲ့ ဇာတ်လမ်းရိုက်ရင်းနဲ့တွေ့ဆုံခဲ့တာပါ။ Hanks ဟာ Wilson နဲ့မတွေ့ခင် ပထမအိမ်ထောင်နဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ဦးဟာ တိတ်တိတ်လေးတွဲပြီး သုံးနှစ်ကြာပြီးနောက် Hanks ဟာ ပထမဇနီးနဲ့ ကွာရှင်းပြီး Wilson ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Hanks က ပထမအိမ်ထောင်တုန်းက သူဟာ အသက်ငယ်ပြီး အလုပ်လုပ်ဖို့ပဲ ခေါင်းထဲရှိနေသူပါ။ Hanks ကစိတ်အလိုလိုက်ပြီး အိမ်ထောင်ပြုတာထက် သေချာဆုံးဖြတ်ပြီးရွေးချယ်ပါမှ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်နိုင်ပါတယ်တဲ့။

၂။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို ဦးစားပေးနိုင်ပါတယ်

Tom Hanks နဲ့ Hilson က ဘာသာမတူကြပါဘူး။ Hilson အတွက် Hanks ဟာ ဘာသာပြောင်းခဲ့ပါတယ်။ ဒါကြောင့် ရင့်ကျက်လာတဲ့အချိန်မှာ ကိုယ်ဖြစ်ချင်တာထက် ကိုယ်ချစ်ရတဲ့သူအတွက် တကယ်ပြောင်းလဲချင်တာလား တကယ်ချစ်တာလား ပိုသိလာမှာပါ။

၃။ တစ်ယောက်နဲ့တစ်ယောက် ပိုထောက်ပံ့ပေးလာနိုင်တယ်

ငယ်ရွယ်စဉ်မှာ ပညာရှာတုန်း ငွေရှာကြတုန်းအချိန်မို့ ကိုယ်ချစ်ရသူကို အများကြီးမထောက်ပံ့ပေးနိုင်ပါဘူး။ ၂၀၁၅ ခုနှစ်က Wilson ဟာ ရင်သားကင်ဆာရောဂါခံစားခဲ့ရပါတယ်။ Hanks ဟာ ရောဂါသည်ဇနီးအတွက် အချိန်ငွေအကုန်ပုံအောခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ Wilson ရောဂါအရှင်းပျောက်သွားခဲ့ပါတယ်။

၄။ အချင်းချင်းပိုဂရုစိုက်လာနိုင်တယ်

Hanks တို့ဇနီးမောင်နှံရဲ့ တူညီတဲ့ဝါသနာတစ်ခုက ခရီးသွားတာပါ။ Wilson ဟာ ခင်ပွန်းရှုတင်းရိုက်ကွင်းရှိတဲ့ နေရာအဝေးကြီးတွေကိုလည်း လိုက်ပါခဲ့သူပါ။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းကြာပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အချစ်မပျက်ဘူးဆိုတာ သက်သေပြခဲ့ပါတယ်။

၅။ သူဘာပဲဖြစ်ဖြစ် ချစ်ပေးပါ

Hanks က သူ့ဇနီးဟာ သူဘာဖြစ်ဖြစ် ချစ်တာပဲတဲ့။ ဝနေလဲချစ်တယ်။ ဆံပင်မရှိတဲ့ ဂတုံးဆိုလဲချစ်တယ်။ ဘာပဲဖြစ်နေပါစေ ချစ်ပါတယ်တဲ့။ သင်ကော သင်မလှတော့တဲ့အချိန် အိုမင်းသွားတဲ့အချိန်ထိ ချစ်ပေးမယ့်သူရှိနေပြီလား။ အကြောင်းပြချက်အမျိုးမျိုးနဲ့ သင့်ကို မကောင်းမြင်တဲ့ချစ်သူမျိုး ရှိနေရင်တော့ ဒီလူနဲ့ အိမ်ထောင်ရေးက ဘယ်လိုလဲ စဉ်းစားစရာဖြစ်လာပါပြီ။

၆။ မှန်ကန်တဲ့သူတစ်ယောက်နဲ့တွေ့ဆုံဖို့က အရေးကြီးဆုံးအချက်ပါ

Brightside.me

Tom Hanks ဟာ Wilson နဲ့ အသက် ၃၀ အရွယ်မှာ အိမ်ထောင်ပြုခဲ့တာပါ။အိမ်ထောင်ပြုပြီးနောက် ကလေးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ Tom Hanksကို ကြည့်ခြင်းအားဖြင့် မှန်ကန်တဲ့ လူတစ်ယောက်ကို ရှာတွေ့ဖို့ အသက် ၃၀ ကျော်ရင်လည်း နောက်မကျသေးဘူးဆိုတာ သက်သေပြနေပါတယ်။

ကိုယ့်ကို တကယ်ချစ်တဲ့သူက ဘယ်သူလဲ။ ဘယ်သူက ကိုယ့်အပေါ်ကောင်းလဲ အသက်အရွယ်ရလာတဲ့အမျှ ပိုသိလာနိုင်ပါတယ်။ ဒါကြောင့်ပျိုမေတို့ ငယ်ရွယ်တဲ့အချိန်မှာ ရည်းစားမရှိသေးလို့ ဝမ်းနည်းစရာမလိုပါဘူး။ အသက် ၃၀ မတိုင်ခင် အိမ်ထောင်မပြုသင့်တဲ့ အကြောင်းအရင်းတွေကို ဖတ်ပြီး ပျိုမေတို့ ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Pinterest