[Zawgyi]

ေခြးေလးေတြ ေၾကာင္ေလးေတြဟာဆိုရင္ လူေတြရဲ႕ အခ်စ္ေတာ္ေလးေတြပါ။ ကမာၻေပၚမွာ အိမ္ေမြးတိရိစာၧန္အျဖစ္ အေမြးအမ်ားဆံုး သတၲဝါေလးေတြကို ေျပာျပပါဆိုရင္ ေခြးနဲ႔ေၾကာင္ပါပဲ။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ေခြးေလးေတြကို ဘာ့ေၾကာင့္အိမ္ေမြးတိရိစာၧန္အျဖစ္ ေမြးျမဴသင့္လဲဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။

၁။ သစၥာ႐ွိျခင္း

Photo Source: www.tacno.net

ေခြးေလးေတြက သစၥာ႐ွိတယ္ဆိုတာကေတာ့ ေျပာေနဖို႔ေတာင္မလိုပါဘူး။ သူတို႔ သခင္က ဘယ္သူလဲဆိုတာ ကြဲကြဲျပားျပားသိၿပီးတဲ့ေနာက္မွာ သူတို႔ေနာက္ဆံုးထြက္သက္အထိ သူတို႔သခင္အေပၚမွာ သစၥာေစာင့္သိသြားမွာပါ။

၂။ အကာကြယ္ေပးတယ္

Photo Source: grizzly-bag.livejournal.com

သင့္အိမ္လံုၿခံဳမႈ၊ သင့္မိသားစုလံုၿခံဳမႈအတြက္ သက္ေတာ္ေစာင့္ေတြ လံုၿခံဳေရးေတြ ေစ်းႀကီးေပးၿပီး အလုပ္ခန္႔ထားစရာမလိုပါဘူး။ ေခြးေလးေတြမွာ အနံခံအာ႐ံုေကာင္းေတြ အၾကားအာ႐ံုေတြ သိပ္ကိုေကာင္းမြန္တဲ့အတြက္ေၾကာင့္ သူတို႔အရည္အခ်င္းေတြနဲ႔ သူတို႔သခင္ရဲ႕လံုၿခံဳမႈအတြက္ လိုလိုလားလားနဲ႔ကို ကာကြယ္ေစာင့္ေ႐ွာက္ေပးပါလိမ့္မယ္။ အမႈအခင္းစံုစမ္း႐ွာေဖြေရးနဲ႔ ဗံုးဖယ္႐ွားတဲ့ေနရာမွာလည္း ေခြးေတြကို အသံုးျပဳၾကပါတယ္။

၃။ အေဖာ္မြန္ေကာင္းေတြျဖစ္တယ္

Photo Source: www.pulseheadlines.com

ေခြးေလးေတြကို ေမြးျမဴထားမယ္ဆိုရင္ သူတို႔က သင့္ကို ဘယ္ေတာ့မွ တစ္ေယာက္တည္း အထီးက်န္ေစမွာ မဟုတ္ပါဘူး။ လူသားေတြအတြက္ အေဖာ္မြန္ေကာင္းကို ေျပာပါဆိုရင္ေတာ့ ေခြးေလးေတြပဲျဖစ္ပါတယ္။

၄။ ခ်စ္စရာေကာင္းတဲ့ အမ်ိဳးအစားေပါင္းမ်ားစြာ ႐ွိတယ္

Photo Source: www.hd-wallpapersdownload.com

ေခြးအမ်ိဳးအစားေတြက အမ်ားႀကီး႐ွိတဲ့အျပင္ တစ္ေကာင္နဲ႔တစ္ေကာင္ကလည္း တစ္မ်ိဳးစီခ်စ္ဖို႔ေကာင္းၾကပါတယ္။ မတူညီတဲ့ေခြးအမ်ိဳးအစားေတြကို တစ္ေကာင္စီေမြးထားမယ္ဆိုရင္ေတာ့ သင့္အိမ္ကို ေပ်ာ္႐ႊင္ျခင္းေတြ ယူေဆာင္လာေပးမွာ အေသအခ်ာပါပဲ။

၅။ သင္ၾကားေပးလို႔ရတယ္

Photo Source: dogbreedsjournal.com

ေခြးေလးေတြက အၿမဲတမ္းတက္တက္ႂကြႂကြ႐ွိၿပီး သူတို႔သခင္သင္ၾကားေပးတဲ့ ဘယ္အရာကိုမဆို အလြယ္တကူနဲ႔ သင္ယူတတ္ေျမာက္ႏိုင္ၾကပါတယ္။ သင့္ေခြးေလးကို သင္ၾကားေပးထားတဲ့ အရာေတြကိုလည္း သင့္အိမ္နီးခ်င္းေတြေ႐ွ႕မွာ အားက်သြားေအာင္ ႂကြားလို႔လည္းရေသးတယ္ေနာ္။

၆။ ေလ့က်င့္ခန္းျပဳလုပ္ျဖစ္တယ္

Photo Source: explorebuxton.co.uk

ေခြးေလးေတြ ေမြးထားမယ္ဆိုရင္ သူတို႔နဲ႔အတူ ပံုမွန္လမ္းေလွ်ာက္ထြက္ေပးရပါမယ္။ သင္က ေလ့က်င့္ခန္းမလုပ္ျဖစ္တဲ့သူဆိုရင္ေတာင္မွ သင့္ေခြးေလးနဲ႔ အတူလမ္းေလွ်ာက္ထြက္မယ္ဆိုရင္ သင့္ကို က်န္းမာေနေအာင္ျပဳလုပ္ေပးပါလိမ့္မယ္။

[Unicode]

ခွေးလေးတွေ ကြောင်လေးတွေဟာဆိုရင် လူတွေရဲ့ အချစ်တော်လေးတွေပါ။ ကမ္ဘာပေါ်မှာ အိမ်မွေးတိရိစ္ဆာန်အဖြစ် အမွေးအများဆုံး သတ္တဝါလေးတွေကို ပြောပြပါဆိုရင် ခွေးနဲ့ကြောင်ပါပဲ။ အခုဖော်ပြပေးချင်တာကတော့ ခွေးလေးတွေကို ဘာ့ကြောင့်အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူသင့်လဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

၁။ သစ္စာရှိခြင်း

Photo Source: www.tacno.net

ခွေးလေးတွေက သစ္စာရှိတယ်ဆိုတာကတော့ ပြောနေဖို့တောင်မလိုပါဘူး။ သူတို့ သခင်က ဘယ်သူလဲဆိုတာ ကွဲကွဲပြားပြားသိပြီးတဲ့နောက်မှာ သူတို့နောက်ဆုံးထွက်သက်အထိ သူတို့သခင်အပေါ်မှာ သစ္စာစောင့်သိသွားမှာပါ။

၂။ အကာကွယ်ပေးတယ်

Photo Source: grizzly-bag.livejournal.com

သင့်အိမ်လုံခြုံမှု၊ သင့်မိသားစုလုံခြုံမှုအတွက် သက်တော်စောင့်တွေ လုံခြုံရေးတွေ ဈေးကြီးပေးပြီး အလုပ်ခန့်ထားစရာမလိုပါဘူး။ ခွေးလေးတွေမှာ အနံခံအာရုံကောင်းတွေ အကြားအာရုံတွေ သိပ်ကိုကောင်းမွန်တဲ့အတွက်ကြောင့် သူတို့အရည်အချင်းတွေနဲ့ သူတို့သခင်ရဲ့လုံခြုံမှုအတွက် လိုလိုလားလားနဲ့ကို ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်။ အမှုအခင်းစုံစမ်းရှာဖွေရေးနဲ့ ဗုံးဖယ်ရှားတဲ့နေရာမှာလည်း ခွေးတွေကို အသုံးပြုကြပါတယ်။

၃။ အဖော်မွန်ကောင်းတွေဖြစ်တယ်

Photo Source: www.pulseheadlines.com

ခွေးလေးတွေကို မွေးမြူထားမယ်ဆိုရင် သူတို့က သင့်ကို ဘယ်တော့မှ တစ်ယောက်တည်း အထီးကျန်စေမှာ မဟုတ်ပါဘူး။ လူသားတွေအတွက် အဖော်မွန်ကောင်းကို ပြောပါဆိုရင်တော့ ခွေးလေးတွေပဲဖြစ်ပါတယ်။

၄။ ချစ်စရာကောင်းတဲ့ အမျိုးအစားပေါင်းများစွာ ရှိတယ်

Photo Source: www.hd-wallpapersdownload.com

ခွေးအမျိုးအစားတွေက အများကြီးရှိတဲ့အပြင် တစ်ကောင်နဲ့တစ်ကောင်ကလည်း တစ်မျိုးစီချစ်ဖို့ကောင်းကြပါတယ်။ မတူညီတဲ့ခွေးအမျိုးအစားတွေကို တစ်ကောင်စီမွေးထားမယ်ဆိုရင်တော့ သင့်အိမ်ကို ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမှာ အသေအချာပါပဲ။

၅။ သင်ကြားပေးလို့ရတယ်

Photo Source: dogbreedsjournal.com

ခွေးလေးတွေက အမြဲတမ်းတက်တက်ကြွကြွရှိပြီး သူတို့သခင်သင်ကြားပေးတဲ့ ဘယ်အရာကိုမဆို အလွယ်တကူနဲ့ သင်ယူတတ်မြောက်နိုင်ကြပါတယ်။ သင့်ခွေးလေးကို သင်ကြားပေးထားတဲ့ အရာတွေကိုလည်း သင့်အိမ်နီးချင်းတွေရှေ့မှာ အားကျသွားအောင် ကြွားလို့လည်းရသေးတယ်နော်။

၆။ လေ့ကျင့်ခန်းပြုလုပ်ဖြစ်တယ်

Photo Source: explorebuxton.co.uk

ခွေးလေးတွေ မွေးထားမယ်ဆိုရင် သူတို့နဲ့အတူ ပုံမှန်လမ်းလျှောက်ထွက်ပေးရပါမယ်။ သင်က လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့သူဆိုရင်တောင်မှ သင့်ခွေးလေးနဲ့ အတူလမ်းလျှောက်ထွက်မယ်ဆိုရင် သင့်ကို ကျန်းမာနေအောင်ပြုလုပ်ပေးပါလိမ့်မယ်။