ရာသီဥတုက သိပ်အအေးကြီး မဟုတ်ဘဲ ချမ်းစိမ့်စိမ့်လောက်ဆိုရင် ဘယ်သူမှ အနွေးထည် အထူကြီးတွေ ဆွယ်တာအင်္ကျီကြီးတွေ ဝတ်ချင်ကြမှာ မဟုတ်ပါဘူး။ ဝတ်ရတာလည်း အဆင်မပြေသလို ဖက်ရှင်အရလည်း အံမဝင်လို့ ဖြစ်ပါတယ်။ ဒီလိုမျိုးအခြေအနေမှာ Shirt Jacket တွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။

တကယ်တော့ Shirt Jacket ဆိုတာ ဂျာကင်အပါးလို့ ပြောရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အပေါ်ထပ် Layer အနေနဲ့ ဝတ်ရာမှာ Shirt Jacket တွေက ချပ်ချပ်ရပ်ရပ် ရှိပြီး ဝတ်ရတာလည်း Sweater လောက် Heavy မဖြစ်ဘဲ ရိုးရိုးရှပ်တွေထက်လည်း အပူအအေးဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ များသောအားဖြင့် Shirt Jacket တွေကို အပေါ့အပါးသားဆို ဝါဂွမ်းချည်သုံးပြီး ပိုထူထူထဲထဲနဲ့ နွေးအောင်ဆို သိုးမွေးချည်နဲ့ လာပါတယ်။

Photo: gearmoose

Shirt လိုလည်း ရိုးရိုးဝတ်နိုင်သလို အောက်ခံ တီရှပ်တို့နဲ့ တွဲပြီးလည်း Jacket တစ်ထည်လို ဝတ်နိုင်တာကြောင့် Shirt Jacket လို့ ခေါ်တာပါ။ Shirt Jacket ကို Shirt-Jac ဒါမှမဟုတ် Shacket လို့လည်း အတိုကောက်ခေါ်ကြပါတယ်။ ယောင်္ကျားလေးတွေအကြိုက်တွေ့စေတဲ့ အချက်က အပေါ်မှာ ပြောခဲ့သလို သူချည်းသက်သက် ဝတ်နိုင်သလို အောက်ခံ T-Shirt မျိုးနဲ့ တွဲပြီးလည်း Layer ထည်အဖြစ် စိတ်ကြိုက်လိုသလို ဝတ်လို့ကောင်းခြင်းပါပဲ။

တချို့ဆို ရှပ်အင်္ကျီနဲ့ဝတ်ကြသလို ဖလန်နယ်ရှပ်တို့ ပိုလိုရှပ်တို့နဲ့ပါ ဝတ်ကြပါတယ်။ Shirt Jacket တွေထဲမှာ Jeans အပါးထည်တွေကလည်း ယောင်္ကျားလေးတွေ အကြိုက်များကြပါတယ်။ Casual ဆန်ဆန် ဖက်ရှင်အဖြစ် နေ့တိုင်း ဝတ်နိုင်သလို ခရီးသွားရာမှာ ခရီးဆောင် ဂျက်ကတ်တစ်ထည်လိုမျိုးလည်း ဝတ်သွားလို့ ရပါတယ်။ အခုလို အေးတဲ့ရာသီမျိုးမှာ နည်းနည်း ပိုနွေးနွေးထွေးထွေး ဖြစ်ချင်ရင် ရှပ်လက်ရှည်ခံ ဝတ်ပြီး အောက်မှာ Chelsea Boot စီးနိုင်ပါတယ်။

Photo: DMARGE

ပုံမှန် Day-To-Night Style အတွက်ဆိုရင် Shirt Jacket ကို Jeans ဘောင်းဘီ ၊ တီရှပ်နဲ့ တွဲဝတ်သင့်ပါတယ်။ နည်းနည်း လေး သန့်ပြန့်ချင်ရင် အောက်မှာ Chinos ဘောင်းဘီအမျိုးအစားကို Jeans ပါး Shirt Jacket အရောင်ခပ်ဖျော့ဖျော့နဲ့ တွဲဝတ်နိုင်ပါတယ်။ Over Shirt စတိုင်အပြင် ရိုးရိုး ရှပ်လက်ရှည်ပုံစံမျိုးနဲ့လည်း Shirt Jacket နဲ့ စတိုင်ထုတ်နိုင်ပါတယ်။ Blazer တို့လောက် Smart မကျပေမယ့် ပုံမှန်နေထိုင်မှုမှာတော့ Shirt Jacket နဲ့လည်း သားသားနားနားရှိအောင် ဆင်လို့ရပါတယ်။

နောက်ဆုံးပြောလိုတာက Shirt Jacket ဝယ်မယ်ဆိုရင် ဆိုဒ်အမှန်ဖြစ်တာ ဝယ်ပါ။ သိပ်မပွပါစေနဲ့။ ပုခုံးကျနဲ့ ခါးအရှည်ကို သတိပြုပါ။ နည်းနည်း Oversized ဖြစ်ရင် Layering ဝတ်ရတာ အဆင်မပြေလို့ ဖြစ်ပါတယ်။ နောက်တစ်ခုက Functionality ပိုင်းပါ။ Shirt Jacket တစ်ထည်ဟာ ထသွားလာသွားခရီးသွား Outdoor ဝတ်လို့ရော ရုံးသွားချိန်မှာပါ အဲကွန်းအအေးရှောင်ဖို့ပါ ဝတ်နိုင်အောင် အရည်အသွေးကောင်းဖို့လိုပါတယ်။