သူများပျော်သလို မပျော်နိုင်ဘူး၊ အမြဲပျော်နေရတယ်ဆိုတာကို မရှိဘူးဆိုတာမျိုးက တစ်ခါတစ်လေကျရင် ကိုယ်နဲ့ပဲ့သက်ဆိုင်နေတတ်ပါတယ်။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ။ အခုခေတ် လူငယ်တော်တော်များများက ပိုပြီးတော့ အပြည့်အဝမပျော်နိုင်တာတွေ၊ စိတ်ဓာတ်ကျ၊ အားငယ်တာတွေ အဖြစ်များတာ တွေ့ရပါတယ်။ ဒါဆိုရင် သင့်မှာဘယ်လိုအတွေးတွေရှိနေလို့ အပြည့်အဝမပျော်နိုင်ဖြစ်နေရတာလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ဒါကြောင့် သင်ရော ဘာလို့ အပြည့်အဝမပျော်နိုင်လဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို အစအဆုံးဖတ်ကြည့်လိုက်ပါနော်။

လိုချင်တာတွေများနေတယ်

ကိုယ့်မှာရှိသလောက်လေးနဲ့ ရောင့်ရဲလိုစိတ်မရှိပဲ ကိုယ်မတတ်နိုင်တာကြီးကို လိုချင်နေတယ်။ လိုချင်တာတွေကလည်း တစ်ခု၊ နှစ်ခုမဟုတ်ပဲ အရမ်းကိုများနေတယ်။ ဒါတွေကိုမရတော့ ဝမ်းနည်းတယ်၊ စိတ်ဓာတ်ကျတယ်၊ မပျော်နိုင်တော့ဘူးဆိုတာတွေ ဖြစ်လာတာပါပဲ။

ကိုယ့်ကိုယ်ကို သူများနဲ့လိုက်နှိုင်းယှဉ်တယ်

ကိစ္စတိုင်းကို သူများနဲ့ လိုက်ပြီး မနှိုင်းယှဉ်ရင် ကိုယ်ပဲစိတ်ညစ်ရပါတယ်။ ကိုယ့်ထက်သာနေတဲ့သူတွေကိုကြည့်ပြီး သူကျတော့လှတယ်၊ ငါကျမလှဘူး၊ သူကျ ဒီလိုဝယ်နိုင်တယ်၊ လုပ်နိုင်တယ်၊ ငါကျမလုပ်နိုင်ဘူး၊ သူ့မှာဒီလိုရှိတယ်၊ ငါ့မှာတော့မရှိဘူးဆိုပြီး အရာရာကို လိုက်မနှိုင်းယှဉ်ပါနဲ့။

ဒီလိုနှိုင်းယှဉ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးသိမ်ငယ်လာမယ်၊ အားမလိုအားမရတွေဖြစ်လာမယ်၊ မပျော်တော့ဘူး၊ စိတ်တွေညစ်လာမယ်။ ဒါကတော့ အခုခေတ် လူငယ်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့အချက်ပါပဲ။ ကိုယ့်ကိုယ်ကို သူများနဲ့ အမြဲလိုက်နှိုင်းယှဉ်နေမယ်ဆိုရင်တော့ Social Media ကို ခဏလောက်မသုံးပဲ နေကြည့်သင့်ပါတယ်။

တစ်ခုခုဆို Serious ဖြစ်လွန်းတယ်

ကိစ္စတိုင်းကို Serious ဖြစ်ပြီး အရမ်းမခံစားပါနဲ့။ ကိုယ်ပဲ စိတ်ညစ်ရတယ်၊ ဝမ်းနည်းရပါတယ်။ အရေးမကြီးတဲ့ ကိစ္စသေးသေးလေးတွေကအစ လိုက်ခံစားပြီး Serious ဖြစ်နေမယ်ဆိုရင် အကျင့်ပါသွားပါလိမ့်မယ်။ ကိုယ့်စိတ်ပဲ ပိုပင်ပန်းပါတယ်။ ဥပမာ – သူငယ်ချင်းတွေကြားမှာ သူ့ကိုတော့ စကားသွားပြောပြီး ငါ့ကိုကျလာမပြောဘူးဆိုပြီး မခံစားပါနဲ့။ စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးလေးနေကြည့်လိုက်ပါ။ စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါလိမ့်မယ်။

အရမ်းတွေးလွန်းတယ်

ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ဒါကိုပဲခေါင်းထဲထည့်ထားပြီး တစ်ချိန်လုံးတွေးနေရင် အပြည့်အဝပျော်ရွှင်ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ မဖြစ်သေးတာတွေ၊ လုပ်တောင်မလုပ်ရသေးတာတွေကို ကြိုမတွေးပါနဲ့။ ကြိုတွေးနေရင် စိုးရိမ်ပြီး ကြိုစိတ်ညစ်ရပါတယ်။ ဒီတော့ အရမ်းမတွေးပါနဲ့။ အတွေးမလွန်ပါနဲ့။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်မနှိပ်စက်ပါနဲ့။

Photo Source: Pinterest